13

692 62 9
                                    

Unicode

"ဟျောင်း အခုဘာလုပ်မှာလဲ..."

Felixမှာမနေသာတော့ဘဲမေးလိုက်ရတော့သည် ဂျောင်ကုဟျောင်းကသူနဲ့hyunjinနဲ့ကြားဝင်ကာalcoholတွေကြီးလှိမ့်သောက်နေသောနေတာ ပုလင်းတဝက်ကျိုးနေချေပြီ

"Felixမင်းဘဲစဉ်းစားကြည့်ကွာ Hyunjinမင်းလည်းစဉ်းစားကြည့်!"

Hyunjinကိုကြည့်လိုက်တော့ ခေါင်းတငြိမ့်ငြိမ့်ဖြင့်အာရုံစိုက်နားထောင်နေသည်

"Taeကဘလိုင်းကြီး စိတ်ဆိုးသွားတာကွာ ငါရှင်းပြတော့လည်းမယုံဘူး ဟိုအရူးမကလိုက်ကပ်နေတာပါ‌ဆို ငါဖြင့်အဲ့အရူးမ ပတ်ခ်ယူဂျောင်းကိုစိတ်ကူးထဲတောင်မရှိတာ!"

ဂျောင်ကုမှအပြီအပြင်ကြီးရင်တထုထုဖြင့်ပြောလာတာမို့ Felixနှင့်Hyunjinတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း

Felix"ဟျောင်းကဘယ်လိုရှင်းပြလိုက်လို့လဲ"

"ငါပြောတာကွာ..."

Flash Back <<<

"ဂျွန်ဂျောင်ကု! ရော့ဖုန်းကိုင်လိုက်!"

ဂျောင်ကု ခေါင်းကိုစက်တပ်ထားသလိုခါရင်း

"ဟင့်အင်းမကိုင်ပါဘူး ကိုယ်နဲ့သူနဲ့မသိဘူး!"

"ဘာအခုမှမသိတာလဲ Contactမှာသေချာနာမည်ရိုက်မှတ်ထားတာတောင်ခဗျားကငြင်းရဲသေးတယ်ပေါ့!"

"ကိုယ်မဟုတ်ဘူးလို့ ကိုယ်မသိပါဘူးဆို ကောင်လေးကလူကိုမယုံတာလား သူခေါ်နေတာ၃ခါရှိပြီ ကိုယ်မသိလို့မကိုင်တာ၊ မကိုင်ဘူး!"

ဖုန်းကကျသွားပြီး ပြီးနောက်ထပ်ခေါ်လာပြန်သည်၊ထယ်ယောင်းမှာဒေါသကငယ်ထိပ်ရောက်သွားပြီဖြစ်သည်။

"ကိုင်ဆိုကိုင်လိုက်ဂျွန်ဂျောင်ကု!"

ဂျောင်ကုငိုချင်လာပြီ ကောင်လေးကသူ့ကိုဘလိုင်းကြီးစိတ်တိုနေတာမဟုတ်ဘူးလား သူဖြင့်အဲ့အရူးမကိုရုပ်ရှင်တွဲရိုက်တုန်းကလွှဲလို့အပြင်မှာစေ့စေ့တောင်မကြည့်မိ

Contactမှတ်ဖို့မပြောနဲ့ အဲ့အရူးမဖုန်းနံပါတ်ကဘယ်လိုလုပ်သူ့ဖုန်းထဲရောက်နေမှန်းတောင်မသိတာ၊ ဂျွန်ဂျောင်ကုတို့ဘဝကလည်းဆိုးကိုဆိုးလွန်းပါတယ်။

𝖬𝗒 𝖥𝗎𝗍𝗎𝗋𝖾 𝖧𝗎𝗌𝖻𝖺𝗇𝖽Where stories live. Discover now