11⚠︎

1.2K 59 2
                                    

Unicode

ပြွတ်စ် ပြွတ်စ် ပြွတ်စ်

သူ့မျက်နှာထက်ပြေးလွှာနေသည့် နူးညံ့သည့်စိုစွတ်စွတ်အရာကြောင့် ထယ်ယောင်းမျက်လုံးဖွင့်ကြည့်လိုက်မိသည်

"အယ် ကိုယ့်အချစ်က နိုးသွားတာလား"

သူခိုးလူမိသွားတဲ့ရုပ်ဖြင့်မျက်လုံးကြီးပြူးကာကြည့်နေပါသည့်ဂျောင်ကု

"ဂျွန် ခဗျားဗျာ ကျွန်တော်မျက်နှာတောင်မသစ်ရသေးဘူးလို့ ဘာလို့လိုက်နမ်းနေတာတုန်း"

"ကိုယ်သိတယ်လေ မျက်နှာမသစ်ရသေးလဲဘာဖြစ်လဲ ကိုယ့်ချစ်သူလေးကိုယ်ချစ်လို့နမ်းတာဘဲကို"

ဂျောင်ကုတစ်ကိုယ်လုံးကိုကြည့်လိုက်တော့ ရေချိုးပြီးအဝတ်အစားပင်လဲထားပြီးနှင့်လေပြီ။

"ဘယ်သွားမလို့လဲ ကျွန်တော်နဲ့မနေဘူးလား"

"ကိုယ်တို့ဒီနေ့dateကြမယ်လေ..."

"dateမယ်?..dateလို့မရဘူးလေ"

"ကောင်လေးက မdateချင်ဘူးလားဟင်"

ဂျောင်ကုမျက်နှာကချက်ချင်းငြိုးငယ်သွားသည်မှာသိသိသာသာ

"ဂျွန်ကဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်လေ"

"စိတ်မပူပါနဲ့အဲ့အတွက် ကိုယ့်fans တွေကကိုယ့်ကိုမနိုင်လို့လွတ်ထားတာ တစ်လတည်းကိုdating new ၃ခါလောက်ထွက်လို့- Oops!"

ဂျောင်ကုမှာကောင်လေးမလန့်အောင်ပြောရင်း အရှိန်လွန်ကာ ကိုယ့်သေတွင်းကိုတူးသလိုဖြစ်သွားရချေပြီ

"ဘာဘာ ဘာ?တစ်လကို ၃ခါဟုတ်လား!?"

"ဟို အဲ အဲ့တာကလေ...ကစားယုံပါ ကိုယ်သူတို့ကိုသဘောလည်းမကျသလိုချစ်လည်းမချစ်ပါဘူး တစ်ရက်နှစ်ရက် အဲ့တာအလွန်ဆုံးပါဘဲ ကိုယ်ဘယ်သူ့ကိုမှအဲ့ထပ်ပိုမတွဲပါဘူး"

"ကျွန်တော်ကိုလည်းဘယ်နှရက်လဲ"

"အာ...ကျစ် ကောင်လေးကသူတို့နဲ့ယှဉ်စရာမလိုဘူး ကောင်လေးကိုကိုယ်ကလက်ထပ်မှာ"

"အဲ့လိုပြောခဲ့တာ ဒါနဲ့ဆို ဘယ်နှခါရှိပြီလဲ ရှင်းရှင်း ခဗျားအခုရှင်းဂျွန်ဂျောင်ကု ကျွန်တော်ကဘယ်နှယောက်မြောက်လဲ?"

𝖬𝗒 𝖥𝗎𝗍𝗎𝗋𝖾 𝖧𝗎𝗌𝖻𝖺𝗇𝖽Where stories live. Discover now