9

753 63 9
                                    

Unicode

ဂေဟာကအပြန် ကားပေါ်တွင်အိပ်ပျော်နေသည့်ထယ်ယောင်းကြောင့် ဂျောင်ကုအခွင့်အရေးယူကာ သူ့ကွန်ဒိုသို့ခေါ်လာခဲ့သည်

လီဟန်မင်းကတော့ကြောက်ဒူးပင်တုန်နေချေပြီ
ဂေဟာတုန်းက မင်းသားတို့နှစ်ယောက်ပုံတွေက Igမှာချက်ချင်းပြန့်သွားသည့်အပြင် ဒါကိုမင်းသားကကျေနပ်နေတာမို့ သူ့မှာဘုရားတနေရသည်

"အားရှ် Caption‌က ဘာလဲ JKရဲ့ကောင်လေးလားတဲ့ မဟုတ်ဘူးလေ ငါ့ယောက်ျားဖြစ်တော့မယ့်သူ ဟား...မဖြစ်ဘူးဒီထက်ပိုလုပ်ပြရမယ်"

"အော ဒါနဲ့မန်နေဂျာလီ ဒီနေ့နားမှာနော်"

"မဖြစ်ပါဘူး မင်းသား ဒီညနှုတ်ဆက်ပွဲတက်ရမှာပါ"

"ရား အရေးကြီးလို့လား Video callနဲ့တာ့တာပြလိုက်လို့ရတယ်မလား"

"မသွားလို့မရပါဘူးဗျ မင်းသားကအဓိကသရုပ်ဆောင်လေ"

"ဟားရှ်...မြန်မြန်သွားပြီး မြန်မြန်ပြန်မယ်မဟုတ်ရင်ဖျက်လိုက်"

"ဟုတ်ကဲ့...မြန်မြန်ပြန်လို့ရအောင်စီစဉ်လိုက်ပါ့မယ်"

ဂျောင်ကုခေါင်းငြိမ့်လိုက်ရင် သူ့ပုခုံးထက်ကသတိုးသားလောင်းလေးကိုကြည့်လိုက်မိသည်

ကော်ဖီရောင်ဆံပင်တွေ‌ကိုနမ်းလိုက်တော့ နှာခေါင်းထဲတိုးဝင်လာတဲ့ Coconut milkအနံလေး အပေါ်စီးကနေမြင်နေရတယ့်နှာခေါင်းထိတ်ကမှည့်နက်နက်လေးပြီးတော့ပါးပေါ်က အနမ်းခြွေချင်နေသော်လည်း မနမ်းဖြစ်ခဲ့

တော်ကြာနိုးလာလို့အထိုးခံရကာမှ မျက်ကွင်းညိုညိုကြီးနှင့်ပွဲတက်နေရအုံးလိမ့်မည်

ကွန်ဒိုရောက်တော့ မန်နေဂျာလီကိုအောက်မှာသာစောင့်ခိုင်းခဲ့ကာ ကောင်လေးကိုပွေ့ချီလိုက်တော့ သူ့လည်ပင်း၌ဖက်တွယ်လာသောလက်သွယ်သွယ်လေးတို့ကြောင့် ပြုံးမိပြန်ပါသည်

ကားပါကင်ကဓာတ်လှေကားကိုသာအသုံးပြုကာ10လွှာသို့တက်ခဲ့လိုက်သည်

အခန်းနံပါတ် 402ကိုဝင်ခဲ့လိုက်ပြီဆိုရင်ဘဲ ကောင်လေးက သူ့ပိုင်နက်ထဲရောက်လာခဲ့လေပြီဖြစ်သည် အသည်းလေးကအိပ်မောကျနေလိုက်တာမှနည်းနည်းလေးမှမလှုပ်

𝖬𝗒 𝖥𝗎𝗍𝗎𝗋𝖾 𝖧𝗎𝗌𝖻𝖺𝗇𝖽Where stories live. Discover now