~ ပျောက်ဆုံးနေသော ~

153 34 19
                                    

ရှေးခေတ်လက်ရာတွေနှင့် ပြည့်နှက်နေသည့် စာကြည့်ခန်းရဲ့ အငွေ့အသက်က ဝွန်ဘင်းကို ပိုပြီး မသက်မသာ ဖြစ်စေနေသည် .. 

အချိန်အနည်းငယ် နှုတ်ဆိတ်နေမိပြီး ဝွန်ဘင်း အစ်ကို့မျက်နှာကို တစ်ချက်ကြည့်လိုက်ကာ ...

'' ဟျောင်း ဟို ... ´´
'' ဆင်ခြင်တွေ ဘာမှမကြားချင်ဘူး မင်းကိစ္စတွေ ငါနဲ့ နောက်မှရှင်းမယ် မနက်ဖြန် ဆရာဝန်နဲ့ သွားတွေ့ ငါ ချိန်းပေးပြီးသား ´´

'' ဟုတ်ကဲ့ ဟျောင်း ´´
'' ပြီးတော့ အခုကစပြီး မင်းအတွက် အိမ်ကကားတစ်စီး ဒရိုင်ဘာ သီးသန့်ထားပေးမယ် အခု အောက်မှာ အဆင်သင့်ပဲ ဘယ်သွားသွား ဘာလုပ်လုပ် ငါစီစဥ်တဲ့အတိုင်းပဲ ´´

ဝွန်ဘင်းက မျက်ခုံးတို့ချိုးပြီး မျက်နှာပျက်မိသွားသည် .. စိတ်က သိပ်မအဆင်မပြေ ..

'' ကြားလား ပြောတာ ´´
'' ဟုတ် ဟျောင်း ´´

ဝွန်ဘင်းက ဒီတစ်လောတော့ သူလည်း ဆိုးထားတာမလို့ အစ်ကို စိတ်ချဖို့ ခဏ အလိုက်သင့်နေဖို့ တွေးလိုက်တော့သည် ..

ပုံမှန် ကိစ္စတွေကို သိပ်မစွက်ဖက်ပေမယ့် အခုက အတော်ဒေါသထွက်နေပြီး ဒေါသကို ထိန်းနေပုံပေါ်သည့် အစ်ကိုကြောင့် ဝွန်ဘင်းလည်း ဘာမှ ပြန်မပြောဖြစ် .. အိမ်ကပဲ ပြန်ထွက်လာလိုက်သည် ..

ကားပေါ်ထိုင်တော့ ကားမောင်းသည့်လူက ဝွန်ဘင်းကို အကဲခတ်လျက် ... နောက်ကလည်း အရံတွေ လွှတ်ထားသေးသည် .. 

^ပတ်ဝွန်ဘင်းတို့တော့ ပက်လက်လန်ပြီ ထင်တယ် ^
ဝွန်ဘင်းက တွေးရင်း အပြင်က မိုးရေစက်နည်းနည်းကျနေသည်ကို ကားပေါ်က ကြည့်နေတုန်း ...

'' ဘေဘီ အဆင်ပြေရဲ့လား ´´
^ မပြေတော့ ခင်ဗျားက ဘာလုပ်ပေးမှာလဲ စိတ်လေရတဲ့ထိ ခင်ဗျားလည်းလစ်တော့ ^

ဝွန်ဘင်း ဘာစာမှ ပြန်မပို့ဘဲ အပေါ်ကုတ်ကို ချွတ်ကာ ကိုယ်ကို လျှောချပြီး ထိုင်လိုက်သည် ... လေပူတစ်ချက် မှုတ်ထုတ်လျက် ...

စာကို seen ပြပြီး ပြန်မပို့လာတဲ့ ဝွန်ဘင်းကြောင့် ဆောင်းချန် အလုပ်လုပ်ရင်း ဖုန်းကို ကြည့် ကြည့်နေမိသည် ...

Dear Pain ( Completed ) Where stories live. Discover now