Part-10 warning⚠

23.3K 268 112
                                    

မကြိုက်လျှင်ကျော်သွားပါ။Mature content..

အရေးအသားမကောင်းခဲ့တာမျိုးရှိရင် မီးယာနဲပါနော်။..

အခုဆို Daddy နဲ့ အခန်းခွဲအိပ်တာ သုံးရက်မြောက်တဲ့နေ့ဖြစ်သည်။ စကားမပြောဖြစ်တာလဲ သုံးရက်ပင်ရှိနေပြီ။ကျွန်တော်ကတော့ ကျွန်တော့် လုပ်စရာရှိတဲ့ အလုပ်များကိုလုပ်လိုက် သင်တန်းသွားလိုက်ဖြင့်သာ အချိန်ကုန်နေပြီး Daddy သည်လည်း သူ့ပွဲအတွက်သာ အလှုပ်ရှုပ်နေသည်။ အရင်ကလို မဟုတ်တော့တဲ့ Daddy အပြုအမှုတွေကြောင့် ဂျော်နီမှာ နေမထိထိုင်မသာဖြစ်ရသည်။ Daddy ကို စိတ်ဆိုးပြီးပြောခဲ့ပေမဲ့ Daddy ဘက်က ပြန်ချော့မယ်ထင်လို့စိတ်ဆိုးပြီး ပြောခဲ့တာဖြစ်သည်။ သို့သော် အထင်နဲ့အမြင်နဲ့တစ်လွဲဖြစ်ရပြီး အခုထိ လာချော့ဖို့နေနေသာသာ အကြည့်ချင်းပင်မစုံတော့။ ကျောင်းက ပြန်လာရင်တောင် အရင်လို ဧည့်ခန်းထဲမှာ သူရှိနေခဲ့လျှင် တစ်ချက်ပဲစောင်းငဲ့ကြည့်ပြီး ပြန်လာပြီလားတောင်မမေးတော့အောင်ထိ စိမ်းသက်နေခဲ့တာဖြစ်သည်။

အမအေရီလည်း ဟိုတစ်ခေါက်အပြင်သွားပြီးပြန်လာကတည်းက အိမ်ကိုသိပ်မကပ်တော့။သူလည်း သူ့ show အတွက်လုပ်စရာရှိတာတွေကိုလုလုပ်နေတယ်ထင်ပါရဲဲ့။

ဂျော်နီသည် မနက်စာကို တရုတ်ထမင်းကြော် နှင့်အတူ တွဲစားဖို့ဖို့တုံယမ်းဟင်းချိုပါစီစဥ်လိုက်ပြီး သုံးယောက်စာပြင်လိုက်သည်။
ခနအကြာ Daddy က ခုံမှာလာထိုင်လေသည်။ဂျော်နီလည်းဘေးကခုံမှာဝင်ထိုင်လိုက်ကာ Daddy တွက်ဟင်းရည်ကိုထည့်ပေးလိုက်သည်။စကားတော့ တစ်ခွန်းမှမပြောကြပါ။

အမအေရီ အပေါ်က ဆင်းလာတော့ သူ့တွက်ပါ ဟင်းရည်ထည့်ပေးကာ ရှေ့သို့ချပေးလိုက်သည်။

''ကျေးဇူးနော် မောင်လေး''

ဂျော်နီလည်း တစ်ချက်ပြုံးပြကာ စားစရာရှိတာကိုစားနေလိုက်သည်။ထမင်းဝိုင်းမှာ ဇွန်းသံ ခရင်းသံက လွဲလို့ကျန်တဲ့အသံတွေမကြားရပါ။ထမင်းဝိုင်းက တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တာက အမအေရီ ရဲ့အသံဖြစ်သည်။

''Jakဒီတစ်ရက်ပိတ်ရက်ရောက်ရင် အေရီ တို့ လက်စွပ်သွားကြည့်ကြမလား မဟုတ်လည်း ဒီလကုန်ရင်ပဲengagement က နီးလာပြီးဟာ order တင်အုန်းမှာနှင့်..''

မွေးစားဖေဖေရဲ့ကလေးရှိနေပြီ။မွေးစားဖေဖေရဲ့ကလေးရှိနေWhere stories live. Discover now