ညတွင်းချင်းပင် flight နဲ့ Jacker က သူ့အမေ ရှိတဲ့စီကိုလိုက်သွားခဲ့သည်။ကားနဲ့လာကြိုတာမို့ ထွေထွေထူးထူးတော့ အလုပ်မရှုပ်လိုက်။
ကားကစင်ဝင်အောက်ရောက်တဲ့အခါ ဘေးကိုကားတံခါးလာဖွင့်ပေးတာနှင့် Jak လည်းဆင်းကာလက်တစ်ဖက်တွင် ဖိုင်အိတ်ကိုဆွဲကာတပါတည်းယူလာလိုက်သည်။အိမ်အဝမှာ Mrs.maria က သူ့သားကိုစိတ်ဝင်တစားနဲ့စောင့်နေသည်။မဂ်လာကိစ္စတော့မဖြစ်နိုင် မနေ့က သူကိုလေသံမာမာနှင့်ပြန်ပြောကတည်းက ကိစ္စတစ်ခုခုရှိနေပြီရယ်။ဒီမို့သာဆို လေသံအေးအေးနဲ့သာဖြေရှင်းတတ်သည်။Jakကသူ့စကားကိုနားမထောင်သော်လည်း တဇွတ်ထိုးလည်းမလုပ်တတ်ကာ သူ့သားက လိမ်မာပါတယ်။(ဟိုကောင်လေးအပေါ်ကလွဲလိုပေါ့။)
"Hello mommy''
''Hello..Jak အထဲဝင်လေ။ဘာတွေများ အာ့လောက်အရေးကြီးနေရတာလဲကွ မဂ်လာ ကိစ္စလား။''
သူမသားကိုပြုံးပြုံးလေးနှင့်ပြောကာ ခရီးဦးကြိုလိုက်သည်။သို့သော်..Jak က သူမ ပြောတာကိုနားမထောင်ဘဲ အထဲကိုသာကျော်ဝင်သွားကာ ဧည့်ခန်းမှာဝင်ထိုင်နေသည်။
Mrs.mariaလည်းသူ့နောက်ကနေ လိုက်ပြီးထိုင်တော့ ကိုယ့်ရှေ့ကိုဖောင်တစ်ခုထိုးပေးလာတယ်။သိချင်စိတ်ဖြင့်အမြန်ယူကာကြည့်လိုက်တော့...
''ဒါတွေ..ဒါ..''
''ဘယ်ကရတာလဲ မေးမလို့လား မာမီ''
''မဟုတ်..သား မာမီ ရှင်းပြမယ်''
''ဘာရှင်းပြမှာလဲ မာမီ''
''သား..''
''တော်ပါတော့ ဖောင်ထဲပါတဲ့ အကြောင်းအရာတွေက မာမီရှင်းပြတာထက်လုံလောက်နေပါပြီ''
'
''မဟုတ်ဘူး လိုသေးတယ် မာမီ မင်းကို ကောင်းစေချင်လို့ လုပ်ခဲ့တာပါ''''ဘယ်လိုမျိုးလဲ မာမီ ဒယ်ဒီမှာ ပထမမိန်းမ ရှိခဲ့ပြီး မာမီကတော့ အငယ်အနှောင်းဆိုတဲ့ ဘဝကိုရဲရဲကြီးခံယူခဲ့တာမျိုးလား။ဟမ်''
''... မာမီ ပြောပါရစေ။..အဟင့်''
''ကျွန်တော်ကိုပဲ ဆက်ပြောခွင့်ပေးပါ။မာမီ အငယ်အနှောင်းဖြစ်ရတာ ကိုရှာတွေ့တော့ ကျွန်တော် ဝမ်းနည်းရုံပေနဲ့ မမုန်းမိဘူး။ဒါမဲ့ ဒယ်ဒီ ရဲ့ ပထမဇနီးမှာကိုယ်ဝန်ရှိနေတာကိုအခွင့်ကောင်းယူပြီး ဒယ်ဒီကို ဘာလို့အပိုင်ကြံခဲ့ရတာလဲ..ဟမ်''
YOU ARE READING
RomanceWarning 18+ 18+သက်သက်သာဖြစ်၍ ဇာတ်အိမ်ခိုင်ခိုင်မရှိပါ။ 18+only & not strong characters.(fake characters)