Part-13

15.4K 194 32
                                    

အထပ်ပေါင်း ၂၃ ထပ်လောက်ရှိပြီး ကာစီနိုဝိုင်းတွေအပြင် ၊ငွေထုတ်ငွေ​ချေးလုပ်ငန်းနှင့် အမိန့်ရပေါင်နှံခြင်းလုပ်ငန်းများကို လုပ်ဆောင်ပြီး Peter family အမည်ဖြင့် မြင့်မားစွာရှိနေတဲ့ အဆောက်အဦးရဲ့ ရှေ့သို့ ဖလာရီA50 အမျိုးအစား ရှိတဲ့ ယာဥ်တစ်စီး ရပ်လိုက်သည်။ ခနကြာ တံခါးမှ ဆင်းလာသူမှာ အနက်ရောင်တောက်တောက် High shoes ကိုဝတ်ဆင်ထားပြီး နက်ပြာရောင် suit နှင့်အတူ ဝတ်စကုတ် ကိုပါ ခါးစည်းကြပ်ကြပ်ဖြင့်ချည်နှောင်ကာ coat ကိုလက်တစ်ဖက်နှင်​့ကိုင်ထားရင်းဆင်းလာတဲ့အသက် ၄၀ကေျာ်နေပေမဲ့ မထင်ရအောင် နုနေပြီး အရပ် ၆' ပေ ကြွက်သားကျစ်ကျစ်နဲ့ formal suit ကြောင့်​တုတ်ခိုင်နေတဲ့ လက်မောင်း ကြွက်သားများကိုမြင်နေရသည်။။ ထိုအမျိုးသားမှာ peter family ရဲ့CEO Tonny..peter ဖြစ်သည်။

ထိုအမျိုးသားနောက်တွင် laptop bag နဲ့အတူအရပ် 5'11'' လောက်ရှိသည်​့ ရုပ် ခပ်ဖြောင့် ဖြောင့်နှင့်အတူbody weight အတော်အသင့် မျက်နှာတည်ကြီးဖြင်​့အတွင်းရေးမှူးဖြစ်ဟန်တူသည့် လူကပါ နောက်တစ်ဖက်က ဆင်းလာပြီးနောက်ကလိုက်လာလေသည်။ထိုသူသည် Peterရဲ့ အနီးကပ် လူယုံ Andrew ဖြစ်သည်။

Peter အထဲကို ဝင်သွားချင်း''ပင် နောက်မှာကပ်လာတဲ့ Andrew က ဘေးကပ်ရပ်သို့ ​ေရာက်သွားပြီး

''Boss ဧည့်တွေ့ခန်းမှာ boss ဧည့်သည်စောင့်နေတယ်လို့ family groupက အကြောင်းကြားထားပါတယ်။သူတို့ ကိုယ်တိုင်အချက်အလက်လည်းစစ်ကြည့်ပြီးပါပြီ။ကျွန်တော်လည်း check in ဝင်ထားတာမို့ စိတ်ချရမယ့် အနေအထားပါ။eye sacn တွေရောid code နှင့် အတူ mailလည်း သေချာစစ်ဆေးပြီးပါပြီ။တစ်ခုခုဖောက်လာခဲ့ရင်တောင် ကျွန်တော်တို့ အသင့်စောင့်တွေကိုပြင်ဆင်ထားပါတယ်။''

Peter အထဲအရောက် ဘေးက အအေးခွက် လာပေးတဲ့ သူရဲ့ ခွက်ကို ယူကာ အန်တရူး ကို တိုက်လိုက်သည်။

''ရော့ ဖြေးဖြေးသောက်။သီးမယ်။''

''ဟုတ်ကဲ့ Boss..ကျေးဇူးပါ''

Andrew လည်း bossကမ်းပေးလာတဲ့ အအေးခွက်ကို ယူသောက်လိုက်ပြီး ဘေးက waiterအား ခွက်ပြန်ပေးကာ boss နောက်သို့ ခြေလှမ်းမြန်မြန်ဖြင်​့ ဘေးက လိုက်ရသည်။
ဓာတ်လှေကားထဲ သို့ ဝင်ပြီး ၆လွှာက ဧည့်တွေ့ခန်းသို့သွားလိုက်သည်။မြေညီထပ်က စလို့ ၅လွှာထိက စားသောက်ဆိုင်နဲ့ Hotel ပုံစံ တည်ဆောက်ထားသည်။ ၆လွှာက ဧည့်တွေ့ခန်းဖြစ်ကာ ၇ လွှာနဲ့ ၈လွှာက အခမ်းအနားလုပ်တဲ့ ခန်းမနေရာ ဖြစ်ပြီး ၉လွှာက စလို့ ငွေမည်း လုပ်ငန်းများသာဖစ်သည်။

မွေးစားဖေဖေရဲ့ကလေးရှိနေပြီ။မွေးစားဖေဖေရဲ့ကလေးရှိနေWhere stories live. Discover now