Part-11

14.6K 254 69
                                    

ဂျော်နီ က ဟိုတစ်ခါကိစ္စပြီးကတည်းက  Daddy ကိုရှောင်နေတော့သည်။ Daddy က ဧည့်ခန်းမှာထိုင်နေရင် ဂျော်နီက ခြံထဲသွားပြီး ပန်းပင်တွရေလောင်းတယ်။Daddy က ခြံထဲဆင်းလာရင် ဂျော်နီက ဧည့်ခန်းထဲမှာသန့်ရှင်းရေးလုပ်ပြီးနေလိုက်တယ်။အမအေရီကတော့ ပြန်သွားတာ ၅ရက်လောက်ရှိပြီ။ Daddy က တစ်ခွန်းစ နှစ်ခွန်းစပြောပြီး ဂျော်နီ နဲ့က မေးထူးခေါ်ပြောလောက်ပဲဖြစ်သည်။ အရင်လောက် ရင်မနာရအောင် ဂျော်နီ မှာ ခပ်ဝေးဝေးနေနိုင်အောင်ကျင့်နေပြီရယ်။

Daddy pov's
(ဂျော်နီက အခုတလော သူ့ကိုသိပ်မကပ်တော့သလို စကားတွေအများကြီးလည်းမပြော။အရင်က ထမင်းစားရင်တောင်တူတူစားပြီး အစစအရာရာလိုက်ဂရုစိုက်ပေးပေမဲ့ အခုများတော့ အကုန်စီစဥ်ပြီးရင် သူ့ကိုခေါ်ကာ ဝင်မစားဘဲ ထပြီးသွားတော့သည်။သူလည်းဂျော်နီ စိတ်အဆင်မပြေတာမျိုးဖြစ်မှာဆိုးလို့သိပ်ပြီး အတင်းအကျပ်နှင့် ဘယ်အရာကိုမှ မခိုင်းတော့။ဂျော်နီနဲ့ သူ့ရဲ့ အေးစက်တဲ့ ဆက်ဆံရေးကို အေရီကလည်း သူနှင့် ကျွန်တော် လက်ထပ်မယ့်ကိစ္စမှာ သားတစ်ယောက်အနေနဲ့ မကြည်ဖြူ တာဆိုပြီးဘဲ ထင်နေသည်။ ကျန်တာတော့သိပ်ပြီး မရိပ်မိ။အရင်လို စကားတွေကိုပြီးစလွယ်မထွက်တော့ အလုပ်ကြောင်းကလွဲရင်စကားဝင်မပြောတော့။လွန်ခဲ့တဲ့ရက်ပိုင်းကပဲအေရီက သူ့ အမေ နေမကောင်းလို့ဆိုပြီး ပြန်သွားသည်။အနေဝေးလာတော့ ဂျော်နီက နေနိုင်ပေမဲ့ မနေနိုင်သူက သူပဲ ဖြစ်နေသည်။​ဂျော်နီရင်နာစေအောင်လုပ်ခဲ့တာလည်းသူပဲဖစ်သည်။
အ​ေနဝေးအောင် တွန်းပို့ခဲ့တာလည်းသူပဲ။ဘာပဲဖြစ်ဖြစ်လေ ဂျော်နီနှင့် အခုလိုဝေးနေတာတော့ ကျွန်တော်မှာမနေတတ်။ဒီကိစ္စတွေမဖြစ်ခင်ကအမြဲပူးကပ်ပြီးနေခဲ့ရတာကြောင့်လည်းပါမည်။ ညတွေဆို အရင်လိုနှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တော့။ ဘေးမှာ ဖက်အိပ်ရင်ရနေတတ်တယ့်  ဂျော်နီရဲ့ baby mild powder အနံ့လေးကိုလွမ်းသည်။ ဂျော်နီ ရဲ့မျက်ရည်တွေမြင်တိုင်းလည်း သူမတွေးနိုင် ပြေးပြီးဖက်ကာ စကားတွေအများကြီးပြောချင်မိသည်။ဒီလိုမျိုးသာဆက်နေနေရင် ကြားထဲက ရင်နာရတယ့် သူက နှစ်ယောက်လုံးဖြစ်နေလိမ့်မယ်။)

မွေးစားဖေဖေရဲ့ကလေးရှိနေပြီ။မွေးစားဖေဖေရဲ့ကလေးရှိနေWhere stories live. Discover now