(9.1) ကောကောက ချောမောလွန်းတာပဲ
"ဘာလဲ"
ရုန်ရုန် အနည်းငယ်ရှုပ်ထွေးသွားတယ်။
ရုန်ကျန်းက အသံခပ်နက်နက်နဲ့ပြန်မေးလာတယ်။
"အဆင်မပြေလို့လား"
ရုန်ရုန် ခေါင်းခါလိုက်တယ်။
"ဟင့်အင်း"
အဆင်မပြေစရာ ဘာတွေများရှိလို့လဲ။
ရုန်ကျန်း မကြာခင်ကမှ သူဖြည်လိုက်တဲ့ နက်ခ်တိုင်ကိုပြန်စည်းလိုက်တယ်။
"ဒါဆိုသွားရအောင်.. ငါ ဒီညနည်းနည်းမူးနေလို့ ကားမောင်းဖို့အဆင်မပြေလောက်ဘူး .. မင်းရဲ့ကားကိုယူခဲ့"
ရုန်ရုန် သူ့အစ်ကိုကို မူးနေရင် အိမ်မှာမနားဘဲ ဘာလို့ လိုက်နေမှာလဲလို့ မေးချင်ခဲ့ပေမဲ့ ရုန်ကျန်းက ကျောခိိုင်းပြီးလှည့်ထွက်သွားခဲ့ပြီ။
ရုန်ရုန် နောက်ကနေပဲ လိုက်သွားရတော့တယ်။
ကားဂိုထောင်အတွင်း။
ရုန်ကျန်း ရုန်ရုန်ရဲ့ Bugatti Veyron အနားမှာ အချိန်ခဏလောက်ရပ်နေခဲ့ပေမဲ့ ရုန်ရုန်က ကားဖွင့်မဲ့ အရိပ်အယောင်မရှိလာသေးဘူး။
သူ့ရဲ့ မျက်ဝန်းက မေးလာသယောင်ပဲ။
"ဘာလို့ မဖွင့်သေးတာလဲ"
ရုန်ရုန် သူ့အိတ်ကပ်တွေကို လိုက်စမ်းပြီးနောက် နှုတ်ခမ်းကိုအသာဖိကိုက်မိကာ ပြန်ပြောလိုက်တယ်။
"ကျွန်တော် ကားသော့ယူလာဖို့ မေ့သွားတယ်"
တကယ်တမ်းမှာ သူမေ့လာတာမဟုတ်ဘဲ လုံးဝသတိိရတော့တာ။
သူ ကားမမောင်းခဲ့တာအချိန်အရမ်းကိုကြာမြင့်ခဲ့ပြီလေ။
ခြေထောက်နှစ်ချောင်းနဲ့ သွားရင်သွား။ မဟုတ်ရင်ဘတ်စ်ကားနဲ့သွားခဲ့တယ်။
ရုန်ကျန်းက သူ့ရဲ့ကားသော့ကို ပစ်ပေးလာတာကြောင့် ရုန်ရုန် လှမ်းဖမ်းလိုက်တယ်။
****
ရုန်ကျန်းက စကားများများမပြောခဲ့ဘူး။ သူ့အနေနဲ့ အရက်သောက်ထားတာကြောင့် ကားထဲကိုဝင်ပြီးတာနဲ့ဘေးခုံရဲ့နောက်မှီမှာ မှီကာ မျက်လုံးတွေကိုပိတ်ထားခဲ့တယ်။
YOU ARE READING
အမြှောက်စာခံလေးက သခင်လေးအတုဆိုတဲ့ ဇာတ်ညွှန်းကိုဖြဲပစ်တော့မှာ!
RomanceAuthor: 折吱 Chapter 146 + 41 Extras