(14)ကောကောက ကျွန်တော့်ကိုစိတ်ပူနေတာလား?

795 163 4
                                    

(14)ကောကောက ကျွန်တော့်ကိုစိတ်ပူနေတာလား?

"ရုန်ရုန်.. သားကိုကျေးဇူးတင်ရမယ်.. မင်းရဲ့အဖေ မနှစ်တုန်းက ခွဲစိတ်ခဲ့ရပြီး ဆေးရုံကဆင်းလာကတည်းက သူ ဘာကိုမှခံတွင်းမတွေ့ဘူးဖြစ်နေတာ.. ဒီနေ့လိုမျိုး ဆန်ပြုတ်တစ်ပန်းကန်လုံးကုန်သွားပြီး နောက်ထပ် တစ်ပန်းကန်ထပ်ယူတာက ဘယ်လောက်ရှားပါးလိုက်သလဲ"

မနက်စာစားပြီးသွားတဲ့ ရုန်မားမားက ရုန်ရုန်ရဲ့ဘေးမှာ ဝင်ထိုင်လာတယ်။

အရင်တုန်းက မစ်ရုန်က သူမသားငယ်က ဆေးရုံကဆင်းလာပြီးကတည်းက အတော်လေးပြောင်းလဲသွားတယ်လို့ထင်ခဲ့တယ်။ အတိတ်တုန်းကဆို သူ အားလပ်ရက်ရှည်ရတဲ့အချိန်တိုင်း တခြားလူတွေနဲ့ ဆုံတွေ့တာမျိုးတောင် သိပ်မရှိဘူးလေ။

သူ့ကိုယ်သူ ဓာတ်ခွဲခန်းထဲမှာ ပိတ်ထားပြီး ရေးမွှေးတွေအကြောင်းကို လေ့လာချင် လေ့လာ၊ မဟုတ်ရင် သူ့သူငယ်ချင်းတွေနဲ့အတူ တစ်ညလုံးအပြင်ထွက်နေလေ့ရှိတယ်။

သူတို့တွေ အိမ်ကိုပြန်ရောက်လာချိန်မှာ ထိုကောင်ငယ်လေးက အိပ်ပျော်နေပြီ။ ဒါမှမဟုတ် သူ့ရဲ့ဓာတ်ခွဲခန်းထဲမှာ အမွှေးနံ့သာတွေနဲ့ ကစားနေတတ်ပြီ။ သူတို့တွေ တစ်မိုးအောက်မှာ အတူနေတာတောင် အငယ်ဆုံးသားလေးကို တွေ့ဖို့ခက်တယ်။ အခုလိုမျိုး သားအမိနှစ်ယောက် ဆိုဖာတစ်ခုတည်းမှာ အတူထိုင်ပြီး စကားပြောနေဖို့ကတော့ ထားလိုက်တော့။

ဒီတစ်ကြိမ် ဆေးရုံကဆင်းလာကတည်းက သူက သူမ၊ ရုန်ဝေ့ရှန်တို့နဲ့ နေ့စဥ်နေ့တိုင်းအတူရှိနေပေးပြီး စိတ်မရှည်မှုအနည်းငယ်လောက်တောင် မပြခဲ့ဘူး။

လုံးဝကို နောက်တစ်ယောက်အဖြစ်ပြောင်းလဲသွားသလိုမျိုး။

သူမရဲ့ အမွှေးလုံးလေးက တကယ်ပဲကြီးပြင်းလာခဲ့ပြီ။

ရုန်ရုန်က ရုန်မားမားနဲ့သွေးသားမတော်စပ်ပေမဲ့ ဒီအချိန်မှာတော့ သူ့အမေရဲ့နှလုံးသားထဲမှ ပျော်ရွှင်မှုနဲ့ စိတ်သက်သာရာရမှုတို့ကို သူ ခံစားမိနေသလိုပဲ။

အတိတ်ဘဝတုန်းက ရုန်ရုန်တစ်ယောက် မိုးတွေယိုစိမ့်နေတဲ့အခန်းငယ်လေးထဲမှာ သူ့ရဲ့ဘောင်းဘီရှည်ကိုလိပ်တင်ပြီး အိပ်ယာအောက်ခြေမှ မိုးရေတွေကိုခတ်ထုတ်ဖို့ လက်ဆေးဇလုံကြီးကို အသုံးပြုခဲ့ရတယ်။

အမြှောက်စာခံလေးက သခင်လေးအတုဆိုတဲ့ ဇာတ်ညွှန်းကိုဖြဲပစ်တော့မှာ! Where stories live. Discover now