(10.2)မင်းရဲ့အဖိုးကို ဘာလို့ လှမ်းခေါ်နေရတာလဲ?

557 130 1
                                    

(10.2) မင်းရဲ့အဖိုးကို ဘာလို့ လှမ်းခေါ်နေရတာလဲ

ရုန်ကျန်းက ဒီနေ့ အပြင်မှာ သောက်လာခဲ့ပြီးပြီဖြစ်ကာ ယဲ့ဖန်ကိုလာတဲ့လမ်းတစ်လျှောက်မှာလည်း မျက်လုံးကိုမှေးစက်ပြီး လာခဲ့တာလေ။  ဒီညအတော်လေးသောက်လာခဲ့ပုံရနေတာကြောင့် ရုန်ရုန် သူ့အတွက် ထပ်ပြီးမမှာပေးတော့ဘူး။

ထိုအချိန်မှာပဲ ဘားရဲ့ နောက်ခံတေးသီချင်းက ရပ်တန့်ပြီး အသစ်တစ်ပုဒ်ကိုပြောင်းလဲသွားတယ်။

ရုန်ရုန်ရဲ့ လေသံကသိပ်မကျယ်ပေမဲ့ အနားမှာရှိနေတဲ့ ဧည့်သည်ဟောင်းတွေကတော့ ကြားနိုင်သေးတယ်။

အနားမှာရှိနေတဲ့ လူရဲ့မျက်လုံးက နားလည်ပုံရတဲ့အလင်းတစ်ချက်ဖြတ်ပြေးသွားတယ်။

ဒီနေ့ ရုန်ရှောက်ရဲ့ ကျိုးယွီအပေါ်သဘောထားက ၁၈၀°လောက်  ပြောင်းလဲသွားတာ အံ့သြစရာမရှိတော့ဘူး။ သူက အချစ်သစ်ကိုရှာတွေ့သွားတာကိုး။

ထည့်ပြောနေစရာတောင်မလိုဘူး။ ကျိုးယွီက လူတွေကြားထဲမှာ နဂါးနဲ့ ဇာမဏီလိုဖြစ်နေတဲ့သူပဲ။ ဒါပေမဲ့ ဒီအမျိုးသားကလည်း ရုပ်ရည်သွင်ပြင်မှာရော ကိုယ်နှုတ်အမူအယာမှာပါ ကျိုးယွီထက် နိမ့်ကျနေခြင်းမရှိဘူး။ သူက ကျိုးယွီဆီမှာမရှိတဲ့ ကျော့ရှင်းတဲ့ တော်ဝင်အရှိန်အဝါတောင် ရှိနေသေးတယ်။

Bartender တောင်မှ ရုန်ရုန်က ရုန်ကျန်းကိုခေါ်ဆိုတဲ့ နာမည်ကို ကြားလိုက်ရချိန်မှာ မနေနိုင်ဘဲ ရုန်ကျန်းဆီကို တစ်ချက်လိုက် စိုက်ကြည့်လိုက်မိတယ်။

မင်းတို့သိသင့်တာက ဟိုးအရင်တုန်းက ရုန်ရှောက် ကျိုးရှောက်နောက်ကနေ လိုက်နေတဲ့အချိန်မှာတောင် သူက ဘယ်သောအခါမှ ကောကောလို့ မခေါ်ခဲ့ဘူး။

"ကောကော.. ခုနတုန်းက ဘယ်ကိုသွားနေတာလဲ.. ကျွန်တော် ကောကောကို အကြာကြီးလိုက်ရှာနေတာ.. ကောကောက ကျွန်တော့်ရဲ့ဖုန်းကိုတောင် ပြန်မဖြေဘူး"

ခုနတုန်းက ရုန်ကျန်းနဲ့ ရုန်ရုန်တို့ ဘားထ်ကိုဝင်လာချိန်မှာ လူအုပ်ကြီးကြောင့် လူစုကွဲသွားခဲ့တာ။

ရုန်ရုန် ရုန်ကျန်းဆီကို ဖုန်းခေါ်ခဲ့ပေမဲ့ ပြန်မဖြေခဲ့ဘူး။ ဒါကြောင့် သူ ဟောခန်းထဲမှာ ပတ်ရှာနေခဲ့တာ။ ဒါပေမဲ့မမျှော်လင့်ပဲ ကျိုးယွီနဲ့ ခုန်းယန်ကိုသာ တွေ့လိုက်ရတယ်လေ။

အမြှောက်စာခံလေးက သခင်လေးအတုဆိုတဲ့ ဇာတ်ညွှန်းကိုဖြဲပစ်တော့မှာ! Where stories live. Discover now