(13)ကျွန်တော်က မှတ်ဥာဏ်ကောင်းတယ်လေ

771 154 2
                                    

(13) ကျွန်တော်က မှတ်ဥာဏ်ကောင်းတယ်လေ

(T/n_ ဒီအပိုင်းမှာ အရေးကြီးတာလေးနည်းနည်းပါနေလို့ မှတ်မိထားပေးကြရင်ကောင်းမယ်:3)

"အန်တီဝူ ဒီနေ့ မနက်စာကိုကောင်းကောင်းလေးပြင်ဆင်ထားတာပဲ"

စားသောက်ခန်းဆီကိုရောက်တော့ ရုန်ပါးပါးက အံ့သြတကြီးပြောလာတယ်။

ပုဇွန်ကြက်ဥမွှေကြော်၊ သခွားသီးသုတ်၊ ဝက်ဗိုက်သားအကြွတ်ကြော်... ဆန်ပြုတ်နဲ့တွဲဖက်စားရမဲ့အရံဟင်းတွေအကုန် သူ့ရဲ့အကြိုက်တွေချည်းပဲ။

ရုန်ပါးပါး ကိုယ်တိုင်ပဲ ဆန်ပြုတ်တစ်ပန်းကန်ခူးလိုက်ကာ တူကိုကိုင်ပြီး အရသာခံကြည့်ဖို့မစောင့်နိုင်တော့ဘူး။

တစ်ကိုက်ကိုက်ကြည့်လိုက်ပြီးနောက် သူ ကြောင်အမ်းကာ ငေးမောသွားရတယ်။

အန်တီဝူက စိတ်လှုပ်ရှားစွာမေးလာတယ်။

"ဘာ.. ဘာမှားနေလို့လဲ? သူဋ္ဌေး အရသာမကောင်းလို့လား"

တစ်ဖက်မှ မစ်ရုန်ကလည်း စိတ်ပူသွားရတယ်။

"ဘာမှားနေလို့လဲ? အန်တီဝူဒီနေ့ချက်ထားတဲ့အရံဟင်းတွေက ခံတွင်းမတွေ့လို့လား"

ရုန်ပါးပါးရဲ့ တူကိုင်ထားတဲ့လက်က အနည်းငယ်တုန်ယင်နေပြီး မျက်လုံးတွေကလည်း အနည်းငယ်နီရဲလာကာ ခေါင်းကိုသာ ခါယမ်းပြလာတယ်။

ဒါကိုမြင်တော့ မစ်ရုန် တစ်ခုခုကို တွေးမိသွားတယ်။

သူမက စားပွဲပေါ်မှတူကိုကောက်ယူပြီး အကုန်လုံးကို အရသာခံကြည့်ပြီးနောက် တူကိုပြန်ချလိုက်တယ်။ သူမရဲ့မျက်ဝန်းထောင့်ကလည်း စတင်နီရဲလာခဲ့တယ်။

သူမက လက်ထဲမှ တူကို ငြင်သာစွာချလိုက်ပြီး ခေါင်းကိုလှည့်ကာ အန်တီဝူကို နူးညံ့စွာမေးလိုက်တယ်။

"အန်တီဝူ.. မကြောက်ပါနဲ့ ကျွန်မကို အမှန်အတိုင်းပြောပြလေ.. ရှင် ဒီဟင်းတွေက ဘယ်ကနေ သင်လာခဲ့တာလဲ"

အန်တီဝူက မစ်ရုန်နဲ့ မစ်စတာရုန်ဆီမှာ ဘာတွေဖြစ်နေတာလဲဆိုတာကိုမသိခဲ့ဘူး။ ဒီတော့ ထိုနှစ်ယောက်က ရှားပါးတဲ့အိမ်ရှင်ကောင်းတွေဖြစ်နေပေမဲ့ ဒီအချိန်မှာတော့ သူမ အနည်းငယ်ကြောက်လန့်နေခဲ့တယ်။

အမြှောက်စာခံလေးက သခင်လေးအတုဆိုတဲ့ ဇာတ်ညွှန်းကိုဖြဲပစ်တော့မှာ! Where stories live. Discover now