~ အတိတ်ပုံရိပ် ၁ ~

132 27 22
                                    

2020 November 1st

Dear. My Love
Dating show program

ယောကျာ်းလေးတွေချည်းသီးသန့် မိန်းကလေးတွေချည်းသီးသန့် အပြိုင် dating show program ရဲ့ ရိုက်ကူးမှုကို လူအများ သတင်းစကြားကတည်းက စိတ်ဝင်စားမှု မြင့်တက်လျက် ...

ဒါက တစ်မူထူးခြားပြီး ဘယ်သူမှမရိုက်ကူးဖူးသေးသည့် program တစ်ခုလေ ..

တစ်ကယ်ကို LGBT တွေရဲ့ အချစ်အစစ်အမှန်ကို ဖော်ထုတ်ရာဟု နာမည်ကြီးကာ teser clip တစ်ခုလောက်တင် ကြည့်ရှုမည့်သူတွေက ရင်ခုန်စောင့်မျှော်ကြလျက် ..

တက်သစ်စ မော်ဒယ်လေးတွေ ကျောင်းသား ကျောင်းသူတွေ စီးပွားရေးလုပ်ငန်းရှင်လေးတွေ စသည်ဖြင့် show ကို ဝင်ရောက်သူတွေက အလုပ်အကိုင်မျိုးစုံ ရှိကြသည့်ထဲ

လူစိတ်ဝင်စားခံရမှုအမြင့်ဆုံးကတော့ ဒီဇိုင်နာ 
ပတ်ဝွန်ဘင်းပင် ...

လူမှုစာမျက်နှာတွေမှာ ဝွန်ဘင်းရဲ့ ပုံတွေ ချက်ချင်းပြန့်နှံ့ခဲ့ပြီး သူ့ရဲ့ဒီဇိုင်းလက်ရာတွေကိုလည်း စိတ်ဝင်စားသူတွေများလာကာ socail account တွေက နေ့ချင်းညချင်း follower တွေ တိုးလာခဲ့သည်

ဒီအစီအစဥ်ကို ပါဝင်ခြင်းက ဝွန်ဘင်း ပထမဆုံး မော်ဒယ်လမ်းကြောင်းပေါ် စရောက်မှု လူတွေရဲ့ သဘောကျမှု အာရုံစိုက်မှု တို့ရဲ့ ဖြစ်တည်ရာပင် ..

'' ဟေ့ကောင် ဆောင်းချန် ´´
'' အေး ပြော ´´

သူငယ်ချင်း အွန်းဆော့က ဆောင်းချန်ဆီ ဖုန်းဆက်​ပြီး အပူကပ်တော့သည် ..

'' ငါ ဒီနေ့ကစပြီး ရိုက်ကူးရေး ရှိတယ်ကွာ အဲ့ဒါကို ကင်မရာမန်းတစ်ယောက်က အလုပ်ထွက်မယ်တဲ့ ငါစောစောစီးစီး စိတ်တွေတိုရလို့ ဒီနေ့တစ်ရက် အချိန်ရွှေ့လိုက်ရတယ် ´´

အလုပ်လုပ်ရင် ရွှေ့ရပြောင်းရတာ အခက်အခဲ အနှောက်အယှက် ရှိတာမျိုးတွေကို အွန်းဆော့ သည်းမခံနိုင်ဆုံး ဖြစ်မှန်း ဆောင်းချန်းသိသည် ..

' dating program လား မင်းပြောဖူးတဲ့ ´
'' အေး ဟုတ်တယ် ´´

'' အဲ့ဒီတော့ ငါ လူကူရှာပေးရမှာလား ´´
'' မဟုတ်ဘူး မင်းကို အကူအညီတောင်းချင်တာ ´´

Dear Pain ( Completed ) Where stories live. Discover now