Unicode
ဟန်သစ်မှာ သန့်စင်ခန်းထဲ အမြန်ပြေးကာ အန်ချပစ်လိုက်ရသည်။ သူ့အင်္ကျီလက်မောင်းပေါ်က နှပ်ချေးဖက်ကို ကြည့်လိုက် အန်လိုက်နှင့် လူလည်း အားပင် မရှိချင်တော့။
"ဒီကောင့်ရဲ့ မိုက်ရိုင်းချက်ကတော့ ကမ်းကုန်ပဲဟေ့"
ဟန်သစ်မှာ အင်္ကျီကို ချွတ်၍ ပြန်လျှော်လိုက်ရသည်။ ကျောင်းဖွင့်ဖွင့်ချင်းနေ့မှာမှ ဒီလို ဆိုက်ကိုကောင်နဲ့ လာတိုးရတယ်လို့!!!!။
"ဒီကောင့်ကို ဘယ်ဘုရားမှ ငရဲကို မပို့ကြတော့ဘူးလား!!!"
"ဟေ့ကောင် ဒီအင်္ကျီ ယူဝတ်"
သန့်စင်ခန်းထဲ အပြေးလိုက်လာတဲ့သူက ဇင်ဂို။
"နှပ်ချေးဖက်လောက်က ပါမွှားပဲ ရှိသေးတယ်"
"ဘာကွ!!"
"ငါ့တုန်းကဆို တံတွေးတွေနဲ့ မျက်နှာကို လာသုတ်တာ"
ဇင်ဂို့ခမျာ ငိုမဲ့မဲ့လေးပင် ဖြစ်လာတော့သည်။
"အဲ့တာဆို ဘာလို့ ဒီကောင်နဲ့ ဆက်ပေါင်းနေသေးတာလဲ"
"ငယ်ငယ်ကတည်းက ပေါင်းလာတာဆိုတော့ အသားကျနေပါပြီ၊ ပြီးတော့ ဒီကောင်က စာတော်တယ်ကွ"
ဒီကောင့် ဝဋ်ကြွေးကလည်း မသေးပါလားဟု တွေးကာ ဇင်ဂို့ကိုပင် သနားမိသွားသည်။
"မင်းလည်း သူ့ဘေးမှာ ထိုင်မယ်ဆိုရင် အင်္ကျီအပိုတစ်ထည်တော့ ထည့်ထားပေါ့ကွာ"
ဟန်သစ်မှာ နင်ပင်နင်သွားရတော့သည်။
"မင်းလည်း တော်တော်မကောင်းတဲ့ကောင်ပဲ"
ဇင်ဂိုက ပြာပြာသလဲဖြင့်
"ဘာလို့တုန်းကွ"
"မင်းဝဋ်ကြွေးတွေကို ငါ့ကို ကူဆပ်ခိုင်းတယ်လေ"
ဇင်ဂိုက တဟားဟားရယ်တော့သည်။
"ခံပေဦးပေါ့ ငါ့ကောင်ရာ"
ဤနှပ်ချေးဖက်ပေထားသည့် အင်္ကျီကိုတော့ ဘယ်တော့မှ ပြန်မဝတ်တော့ဖို့ ဆုံးဖြတ်လိုက်လေတော့သည်။
ဇင်ဂို ပြောတာ အတော်မှန်သည်။
ဟန်သစ်နှင့် ဇင်ဂို နှစ်ယောက်ပေါင်း စဉ်းစားတာတောင်မှ အဖြေမရသေးသော သင်္ချာပုစ္ဆာများကို ဒင်းက တစ်မိနစ်အတွင်း အဖြေထွက်အောင် စဉ်းစားနိုင်သည်။
