~ သဘောကျတယ် ~

148 32 44
                                    

'' အဆင်ပြေရဲ့လား ဟျောင်းက ဘာတွေပြောသေးလဲ .. အခုဘယ်မှာလဲ ´´
'' ကလေးလှမ်းကြည့်ရင် ၂ နာရီဘက်အခြမ်းမှာ ကိုယ်ရှိနေတယ် ´´

ဝွန်ဘင်းက ဘာကိုစိုးရိမ်မိမှန်းမသိပေမယ့် စိတ်တွေက ရှုပ်ထွေးလွန်းသည် ...

အွန်းဆော့က ဆောင်းချန်အပေါ်  ဒေါသထွက်ပြီး တစ်ခုခုဖြစ်ကြမည်စိုးတာလား ...ဆောင်းချန်က သူတို့ရဲ့အကြောင်းတွေကုန်စင် အွန်းဆော့ကို ပြောပြမှာစိုးတာလား ... ကိုယ်တိုင်မသိ

တစ်ကယ်တော့ အွန်းဆော့က အခြေအနေအရပ်ရပ်ကို သုံးသပ်နိုင်သူမှန်း ဝွန်ဘင်းသိပြီးသားပင် .. ဒါဆို ဆောင်းချန်ကို စိတ်ပူတာလား

^^ ငါ့အတွက်ငါပဲ ပူစမ်းပါ ငါကိုယ်တိုင်ပဲ အရေးကြီးတယ် ^^

စင်ပေါ်မှာ ယနေ့ပွဲအတွက် စကားပြောရတော့  မည့်အရေး ဝွန်ဘင်းက ဆောင်းချန်ကို စာအမြန်လှမ်းပို့ပြီးနောက် ရှာဖွေလိုက်တော့ ဆောင်းချန်က ခေါင်းညိတ်ပြီး ပြုံးပြနေသည် ..

မီးရောင်တွေထိန်နေအောင်ထွန်းထားပြီး လူအများကြား ဆောင်းချန်ရှိနေသည့်နေရာကို သိပြီးနောက် ဝွန်ဘင်း မကြာခဏ ကြည့်မိပေမယ့်

ရှေ့ဆုံးတန်းမှာ ထိုင်နေသည့် အစ်ကိုဖြစ်သူကိုလည်း အကဲခတ်နေရသေးသည် .. အွန်းဆော့မျက်နှာက အတော်တင်းမာလျက် ...

ဒီနေ့ပွဲက အွန်းဆော့ရဲ့ production လုပ်ငန်း နှင့် မိတ်ဖက်မကင်းသည့် လုပ်ငန်းပါတနာရဲ့ event မလို့ ဝွန်ဘင်းကပါ အဆစ်ပါလာပြီး ကြွရောက်လာသည့် စီးပွားရှင်များကို ဖက်ရှင်ပိုင်း နှင့် ပတ်သက်၍ ရှင်းပြပေးနေရသည်

ဆောင်းချန်ကိုလည်း သိနေသည့် organizer များက ဖိတ်ကြားခဲ့ကြားပြီး ဆောင်းချန်က      ဝွန်ဘင်းကြောင့် ရောက်လာပေမယ့် အွန်းဆော့ နှင့် မကင်းသည့် ပွဲဖြစ်၍ ပိုစိတ်အားထက်သန်နေခဲ့သည် ...

* တရုတ်မှာ ဝွန်ဘင်းနှင့် ပြန်ဆုံခွင့်ရပြီးကတည်းက ဆောင်းချန် လူယုံကို စုံစမ်းခိုင်း   သည့် အဓိက အကြောင်းရင်းမှာ အွန်းဆော့ကြောင့်သာဖြစ်နေခဲ့သည် .. *

ဆောင်းချန်သည် ဝွန်ဘင်းကို သူ့နားမှာ ထပ်ရှိစေချင်နေခဲ့ပြီး အွန်းဆော့ကတော့ ဆောင်းချန် နှင့် ဝွန်ဘင်း ထပ်ပြီး မပတ်သတ်ရေးက အရေးကြီးဆုံးဖြစ်နေတာမလို့ ..

Dear Pain ( Completed ) Where stories live. Discover now