ပြစ်ဒဏ်ခံရသောမိန်းမပျို

27 2 0
                                    


Keiji၏အော်သံကြောင့် တစ်ချို့စပ်စုသော ထောင်သားများသည် သံတိုင်း၏နောက်ကွယ်တွင် မသိမသာ ခေါင်းထုတ်ကာ ချောင်းနေလေကြသည်။

"အယ် Ichiko-san သခင် ဒီလိုဒေါသထွက်တာမမြင်ရတာ ဆယ်နှစ်‌တောင်ရှိတော့မယ်"

"လွန်ခဲ့တယ့်ဆယ်နှစ်က ကျွန်တော် ငယ်ငယ်လေးဘဲဆိုပေမဲ့ အဲ့နေ့ကို ခုထိ မှတ်မိနေတုန်းဘဲ"

"Keiji-sanက ဒီလိုမျိုးကြောက်စရာကောင်းအောင် ဒေါသထွက်ဖူးတာလား?"

"ဟမ်... Ichiko-sanမသိသေးဖူးထင်တယ်"

"သခင်က သူ့အဖေမင်္ဂလာဆောင်မှာ သောင်းကျန်းခဲ့တာလေး"

Ichiko၏ မသိ‌သေးသောအမူရာကြောင့် Chenမှာ ပိုပြီး ဂုဏ်ယူဝံ့ကြွားသော လေသံဖြင့်

"ကျွန်တော် သခင်ဘေးနားမှာ နေလာတာ 15နှစ်ရှိပြီးလေး"

"သခင် ဘယ်လိုအမူအရာလုပ်ရင် ဘာဖြစ်နေပြီး ဘယ်လိုအမူအရာဆို ဘာဖြစ်တယ်ဆိုတာ ကျွန်တော်အလွတ်တောင်ရနေပြီး"

Chen၏ သူ့ကိုယ်သူဂုဏ်ယူသောပုံစံဖြင့်ပြောဆိုနေသည်ကို ကြည့်နေသော Ichikoသည် ရုတ်တရက် စိန်‌ခေါသော အပြုံးများဖြင့် Chenဘက်သို့လှည့်ကာ

"မင်းအဲ့လောက်တောင် Keiji-sanကိုနားလည်တယ်ဆိုရင် မင်းခုဘာလို့သွားမတားတာလည်း"

Ichiko၏စိန်ခေါသောအပြုံးများနှင့် တစ်လက်လက်တောက်ပနေသောမျက်၀န်းများကို ရင်ဆိုင်လိုက်ရသော Chenသည် ရုတ်တရက်ဖိအားကြီးတစ်ခုကို ခံစားလိုက်ရလေသည်။

"Ichiko-san ကျွန်တော်ခု သခင်ကိုသွားတားရင်..."

"အဲ့သေခြင်းတရားကို ဖိတ်ခေါနေတယ့်စစ်သားကနှစ်ယောက်ကနေ သုံးယောက်ဖြစ်သွားလိမ့်မယ်ဗျ"

Chenသည် Keiji၏ဘေးနားတွေ 15နှစ်တိုင်တိုင်နေပြီးနောက် သူ့အသက်အား မည်သည့်အချိန်ခါ၌ မည်သို့ကယ်တင်ရမည်ကို ကောင်းစွာ‌သိလေသည်။

Chenသည် စိတ်ဓာတ်ကျသောအမူအရာဖြင့်

"လူတွေက ကိုယ့်လက်နဲ့ ကိုယ့်သေတွင်းကို မတူးရဖူးတယ့်"

"သခင်ကိုယ်တိုင် ကျွန်တော့်ကို သင်ကြားပေးထားတာ"

Chenစကားကိုကြားလိုက်ရ‌သော Ichiko၏ မျက်နှာအမူအရာသည် ရုတ်တရက် မဲ့ပြုံးပြုံးလိုက်သည်ကို မြင်လိုက်ရသောအခါ Chenသည်ပို၍ပင် စိတ်ဓာတ်ကျလာလေသည်။

The trouble of being alive  (ပြန်လည်ရှင်သန်ခြင်း၏နောင်တ)Where stories live. Discover now