ကယ်တင်ခြင်းခံရသောမိန်းကလေးနှစ်ယောက်

18 1 0
                                    

"သခင်!! သမားတော်Zheng ရောက်လာပါပီး‌ဗျ"

"Zhengzhou!! "

"Keiji-san နေမကောင်းဖြစ်လိူ့များ ကျွန်တော့်ကိုအရေးတစ်ကြီးခေါလိုက်တာလားဗျ"

"Zhengzhou ငါ့ကိုကူညီ‌ပေးပါအုံး!"

"ဘာဖြစ်လို့လည်းဗျ?"

"သူတို့‌နှစ်ယောက်ကို မင်းအတတ်နိုင်ဆုံးကယ်တင်ပေးပါ"

"နှစ်ယောက်??"

Keiji၏တောင်းဆိုမှုကြောင့် Zhengzhouသည်
ကုတင်ထက်၌ အသက်မဲ့‌နေသကဲ့သို့ဖြူလျော့စွာလဲလျောင်းနေသော မိန်းကလေးနှစ်ဦးအားလှမ်းကြည့်လိုက်လေသည်။

"ဒီမိန်းကလေးနှစ်ယောက်က.."

Zhengzhouသည် တစ်စုံတစ်ခုကို စဉ်းစားမိဟန်နှင့်

"ဒါဆို ဒီသတင်းကအမှန်ဘဲကိုး..."

Zhengzhouက ရုတ်တရက်ဆိုလိုက်ပြီး အမှတ်တမဲ့ပြုံးလိုက်သည်ကို Keiji၏ဘေးနား၌ ရပ်နေသော Chengသည် Zhengzhouအား စပ်စုလာသည်။

"ဘာသတင်းကအမှန်ဖြစ်တာလည်း? သမားတော်Zheng.."

Cheng၏စပ်စုသောမျက်လုံးများနှင့် အကြည့်ချင်းဆုံသွားသော Zhengzhouသည် ခေါင်းခါစွာဖြင့်

"ခုနလေးတင်ဘဲ ငါ့‌လက်ထောက်ဆီက သတင်းကြားလာတာ"

"အဆောင်တစ်ခုလုံးမှာပြန့်နေတယ့်သတင်းတစ်ခုရှိတယ့်"

"ဘာသတင်းလည်း? သမားတော်Zheng"

"Keiji-sanက Takushiro-sam, Shino kuniမှာ ကြိမ်ဒဏ်ပေးထားတယ့် မြန်မာမိန်းကလေးနှစ်ယောက်ကို ကယ်တင်ခဲ့တယ်တဲ့"

"ဒီသတင်းကမှန်သားဘဲ"

"ကျွန်တော်ကုသပေးလို့တော့ရပါတယ် ဒါပေမဲ့ Keiji-sanဒုက္ခရောက်လိမ့်မယ်နော်..."

"Takushiro-samaက ဒီတိုင်းတော့ထားမယ်မထင်ဖူး "

"Zhengzhou မင်းကုသနိုင်တယ်ဆိုရင် ပြီးရော တစ်ခြားဟာတွေမစဉ်းစားနဲ့..."

"ရှေ့‌လျှောက်ဖြစ်လာမယ့်ပြသာနာတွေကို ငါခေါင်းခံမယ်"

Keiji၏ခိုင်မာ‌သောဆုံးဖြတ်ချက်ကိုကြားလိုက်ရသော ဘေးနား၌ရပ်‌နေသောChengနှင် Ichikoယောက်သည် တစ်ပြိုင်နက်ထဲ၌

The trouble of being alive  (ပြန်လည်ရှင်သန်ခြင်း၏နောင်တ)Where stories live. Discover now