မ‌လွဲမသွေကံကြမ္မာ

63 4 0
                                    


ဒုတိယကမ္ဘာစစ်အတွင်း1942ခုနှစ်တွင်ဖက်စစ်ဂျပန်များသည်မြန်မာနိုင်ငံအား ဗြိတိသျှတို့ရန်မှကာကွယ်ပေးမည်ဟု သိမ်းသွင်းခဲ့ပြီး ဗြိတိသျှတို့နေရာတွင် အစား၀င်ယူကာမြန်မာနိုင်ငံအားသိမ်းပိုက်ခဲ့သည်။

"ဂျပန်တွေ၀င်လာပြီးးဟေ့!!! ပြေးကြ ပြေးကြ"
တံချောင်းခေါက်သံနှင့်အတူ

"လူတွေအားလုံးကိုဆော်ဩလိုက်ကြ ရပ်တိုင်းရွာတိုင်းတိမ်းရှောင်ကြဟေ့ မဟုတ်ရင် မင်းတို့ကိုဖမ်းခေါပြီးကျွန်အဖြစ်ခိုင်းစားကြလိမ့်မယ်"

ဂျပန်တွေ၀င်ရောက်ခဲ့သောအချိန်သည်လူအများကိုကြောက်ရွံ့မှုအပေးဆုံးအချိန်ဖြစ်လေသည်။
ထမင်းစားနေစဉ်တွင်း၀င်ရောက်လာခဲ့လျှင်လည်း ထမင်းပန်းကန်အားထားခဲ့လျှက် အကျီတစ်ထည်ကိုယ်တစ်ခုနှင့်မျှဇနီးသားမယားအားခေါဆောင်ကာ မည်သူတစ်ဦးတစ်ယောက်မျှမမြင်နိုင်သောနေရာများတွင်သွားရောက်ပုန်းရှောင်နေခဲ့ရလေသည်။

>>>

"အမတော်! ခမည်းတော်ခုထိပြန်မရောက်လာသေးဖူးနော် အုပ်ချုပ်ရေးရာ၀န်ကြီးဆီသွားတာအဲ့လောက်မှမကြာသင့်တာရှင်"

"ဂျပန်တွေလည်း၀င်လာပြီးဘယ်လိုလုပ်မတုန်းးအမ‌ေတာ်ရဲ့" ကန္ဒြေရှင်ရဲ့အသံဟာစိုးရိမ်မှုများစွာနှင့်သူအမအားလှမ်းမေးလိုက်သည်

"ညိမတော်ရယ် ခမည်းတော်လည်းသူ့ကိစ္စသူရှိလို့ကြာနေတာနေမှာ လက်ရှိတော့‌အမ‌ေတာ်တို့ ပုန်းနေရအောင်လေးနော်"

ကျွန်မ၏အမဟာနှစ်သိမ့်တော်လည်း ရင်ထဲ၌စိုးရိမ်မှုများစွာနှင့်အတွေးများစွာရှိနေသည်မှာကျွန်မကလွဲရင်မည်သူမျှသိလိမ့်မည်မဟုတ်ချေ။

"သခင်မ‌ေလးတို့အမြန်သွားပုန်းရှောင်နေကြပါ
မကြာခင်ဒီတစ်မြို့လုံးး၀န်းရံခံရတော့မှာဗျ"

ကျွန်မ‌တို့အိမ်၏ကိုယ်‌ရံတော်အစောင့်ရှောက်ဟာ လာပြောတယ့်အခါမှကျွန်မတို့ဟာ အဖေကိုစောင့်နေရသည်ကို လက်လျှော့၍ အိမ်၏မြေအောက်ခန်း‌၌သွားရောက်ပုန်းရှောင်နေခဲ့ရလေသည်။

ထိုအချိန်၌မြန်မာပြည်ကို၀င်ရောက်စီးနှင်းခဲ့တယ့်ဂျပန်တွေဟာ
စစ်ရေးအင်အားသာလွန်မှုကြောင့် မြန်မာနိုင်ငံအားသိမ်းပိုက်နိုင်သွားခဲ့လေသည်။

The trouble of being alive  (ပြန်လည်ရှင်သန်ခြင်း၏နောင်တ)Where stories live. Discover now