လှပသောနေ့ရက်လေးများ

12 0 0
                                    


ဘာလိုလိုနှင့်အချိန်၏ကုန်ဆုံးမှုမြန်သောကြောင့်
ကန္ဒြေရှင်သည်Takushiroဘေး‌နားတွင်ခစားသည်မှာတစ်ပတ်တောင်ရှိသွားခဲ့လေပြီး။
Takushiroသည်စတွေ့ဆုံသည့်ပုံစံနဲ့မ‌တူတော့ဘဲနောက်ပိုင်းကန္ဒြေရှင်အပေါ်၌နူးညံ့သိမ်မွေ့လာလေသည်။
ထို့ကြောင့်စစ်စခန်းတစ်ခုလုံး၌နတ်ဆိုးဘုရင်ကြီးကိုအနိုင်ယူမယ့်နတ်သမီးလေးပေါ်လာပြီးဟု
ကောလဟာလများစတင်ထွက်လာလေသည်။

စစ်စခန်း၏တစ်‌ထောင့်တစ်‌နေရာရှိအဆောင်အတွင်း၌ စစ်သားများစုဖွဲ့ကာအရက်ဝိုင်းဖွဲ့ထားကြလေ၏ ။ထိုအရက်၀ိုင်းကိုဦးဆောင်သူမှာIchikoဖြစ်လေသည်။ခုတစ်လောShino kuniရှိအကျဉ်းသားများကိုနတ်ဆိုးဘုရင်ကြီးကစိတ်‌ကောင်း၀င်ပြီးပြန်လည်လွတ်ပေးလိုက်သဖြင့် အကျဉ်းထောင်ထဲရှိလူဦးရေမှာနည်းပါးသွားလေသည်။ထို့ကြောင့်သူသည်အရင်လိုအလုပ်မများတော့ဘဲနောက်လိုက်များနှင့်အေးဆေးအရက်ဝိုင်းထောင်လို့ရနေ‌လေသည်။အရက်ဝိုင်း၌ ဟိုစပ်ဒီစပ်ပြောနေကြရင်းနှင့် Takushiroနှင့်ကန္ဒြေရှင်အကြောင်းသို့မြှားဦးလှည့်လာလေ၏ ။

"အယ်... Ichiko-san ခုတစ်လော ကျွန်တော်တို့ခေါင်းဆောင်ကတစ်အားအပြောင်းအလဲမြန်နေသလိုဘဲ‌နော်"
"ဟိုမြန်မာမလေးတွေရောက်လာပြီးကတည်းက ရေခဲတုန်းကြီးကအရည်ပျော်နေသလိုဘဲ"

ထိုသို့တစ်ယောက်ယောက်ကထပြောသောအခါတစ်ဖွဲ့လုံးသည်ရီမောလာလေသည်။
"ဟုတ်တာပေါ့...မထင်ထားဖူးးငါတို့ခေါင်းဆောင်လည်းအဲ့ကောင်မလေးပေါမှာခံစားချက်ရှိသွားမယ်လို့"

ထိုစကားပြီးနောက်စစ်သားတစ်ယောက်သည်ကြားဖြတ်၀င်လာလေသည်။
"ဒါနဲ့အဲ့အကြောင်းပြောရင်း ကျွန်တော်ပြောပြအုံးမယ် ဟိုတစ်နေ့က ကျွန်တော်Takushiro-samaရဲ့အဆောင်ဘက်ကနေဖြတ်လာတုန်း စားဖိုးမှူးရီဂိုကစိတ်ပျက်လက်ပျက်နဲ့အ‌ဆောင်ထဲကနေထွက်လာတာမြင်လိုက်လို့ ဘာများဖြစ်တာလည်းဆိုပြီးစပ်စုကြည့်တာပေါ့"
"ဘာဟုတ်မလည်းဗျာ Takushiro-samaကသူ့လက်ရာတွေကိုမစားတော့ဖူးတဲ့လေး အဲ့ဒီ့အစားဟိုမြန်မာကကောင်မလေးကိုဟင်းချက်သင်ပေးဖို့တာ၀န်ပါပေးလိုက်တယ်တဲ့ဗျာ"

The trouble of being alive  (ပြန်လည်ရှင်သန်ခြင်း၏နောင်တ)Where stories live. Discover now