အမှန်တရားအားရှာဖွေခြင်း

18 2 2
                                    


"Takushiro-san တိုက်ပွဲကိုရပ်လိုက်ပါ"

အနက်ရောင်၀တ်ရုံ၀တ်ဆင်ထားသော‌ယောကျာ်းကပြောလိုက်သည်။

"မရပ်ရင် ကျွန်တော်က ဒုတိယမင်းသားရဲ့အမိန့်နဲ့၀င်တားပါရလိမ့်မယ်"

အေးဆေးပြောနေဟန်ရှိသော်လည်းလေသံ‌တွင်ဖိအားများပါ၀င်နေလေသည်။

"ဒုတိယမင်းသားရဲ့ကိုယ်ရံ‌တော်ကဒီကိုဘာကိစ္စများရှိလို့လာရတာလည်း"

Takushiroသည်သိချင်သောဆန္ဒဖြင့်မေးကာ

"ဒုတိယမင်းသားရဲ့အမိန့်တော်နဲ့ Takushiro-sanကိုမေးစရာတစ်ချို့ရှိလို့"

"အဲ့ဆို ကျွန်တော့်အဆောင်စီသွားရအောင်"

Takushiroနှင့် ဒုတိယမင်းသား၏ကိုယ်ရံတော်သည်ကိစ္စတစ်ချို့ဆွေးနွေးရန်လေ့ကျင့်ရေးကွင်းမှထွက်ခွာသွားလေသည်။

"သခင် အဆင်ပြေရဲ့လားး"

"အင်းး ငါဘာမှမဖြစ်ဖူး.."

"ကျွန်တော်တို့လည်းပြန်ကြရအောင်"
Chenသည်Keijiကိုထူကာ

"အင်းး...."

Keiji၏အဆောင်အတွင်း၌ သာမန်ကီမိုနိုအပြာရင့်ရောင်၀တ်ဆင်ထားကာမျက်နှာအားအနက်‌ရောင်ပဝါဖြင့်အုပ်ထားသော ယောကျာ်းတစ်ဦးသည်ပြတင်းပေါက်ရှေ့တွင်မတ်တပ်ရပ်ကာ ရေနွေးကြမ်းကိုသောက်နေလေသည်။

Chenသည်Keijiအားတွဲခေါရင်းအဆောင်တွင်းသို့၀င်လာစဉ်

"မင်းဘယ်သူလည်း!!!"

ထိုအမျိုးသားသည်သောက်လက်စရေနွေးခွက်အားပြတင်းပေါက်ဘောင်ပေါ်သို့ချကာ

"မတွေ့ရတာတောင်ကြာပြီးနော်"

"ငါတွက်ကြည့်မယ်ဆိုရင် 15နှစ်လောက်ရှိပြီးထင်တယ်"

"မင်းက....."

Chenနှင့် Keijiသည် ထိုအမျိုးသားရဲ့စကားကိုကြားပြီးနောက် ဇဝေဇဝါဖြင့်မေးလာလေသည်။

ထိုအမျိုးသားသည် Keijiဘက်သို့လှည့်ကာ မျက်နှာအားအုပ်ထားသောပါဝါအားချွတ်လိုက်လေသည်။

"ဒုတိယမင်းသားကို ဂါရ၀ပြုပါတယ်!!"

Keijiနှင့်Chenသည်အလန့်တကြားဖြင့်အလျင်အမြန် ဦးညွတ်လေသည်။

The trouble of being alive  (ပြန်လည်ရှင်သန်ခြင်း၏နောင်တ)Where stories live. Discover now