အသက်ရှည်ကျောက်တုံး 2

17 2 2
                                    

"Touji-sama အသက်ရှည်ကျောက်တုံးကို Takushiroရှာနေတာက မင်းသမီးကြောင့်များလား?"

ရုတ်တရက်လှောင်ပြောင်သောအသံဖြင့်Toujiသည်
"အင်းး Takushiroမက ဘုရင်ကပါ အငယ်ဆုံးသမီးတော်ကိုအရမ်းချစ်ကြတယ်လေး သမီးအရင်းမဟူတ်တာကိုသာသိသွားရင် ဘယ်လိုများဖြစ်သွားမလည်းမြင်ယောင်သေးပါတယ်"
ထိုသို့ပြောရင်းဟက်ဟက်ပက်ပက်ရီမောလေ၏ ။

"သမီးအရင်းမ...ဟုတ်.....!!!!"
"ဘာကိုဆိုလိုတာလည်း ဒုတိယမင်းသား!!?"

"အာ~~မင်းမသိသေးဖူးဘဲ"
"နောက်ကျရင်အဲ့အမှန်တရားကိုမင်းသိလာမှာပါ
ခုတော့သိဖို့အချိန်မတန်သေးဖူး"

Touji၏ပဟေဋိဆန်သောမျက်လုံးဖြင့်Keijiအားစိုက်ကြည့်ကာ
"အချိန်တန်တယ့်အခါ...အရာအားလုံးကပေါ်ပေါက်လာလိမ့်မယ်..!"

"Hai...နားလည်ပါပီးး..! ဒါပေမဲ့မင်းသား ကျွန်တော်ကြားတာ မင်းသမီးကမင်းသားညီမဆို..?"

"အိုင်းယားး~~Keijiမင်းဟာလေးတော်တော်တုံး
တယ့်ကလေးဘဲ"
Touji၏လက်သည်Keiji၏နဖူးအားပြင်းထန်စွာခေါက်လိုက်လေသည်။

"ကျွန်တော်က အပြင်မှာနေနေတာကြာလို့ပါ"

"ကဲထားးပါ ငါပြန်တော့မယ် နန်းတော်ကို၂ရက်အတွင်းအမှီသွားရမယ်"
"ငါသာ နန်းတော်ကိုပြန်မရောက်သေးဖူးဆိုတာAsaka-sanသိရင် ငါ့ကိုသံသယပေါင်းများစွာ၀င်လာလိမ့်မယ်"
"သံသယတစ်ချက်၀င်တာနဲ့ နောက်ကျရင် အမှန်တရားကိုဖော်ထုတ်ဖို့မလွယ်တော့ဖူး"

"ကဲ~~မြို့တော်ကိုရောက်မှပြန်ဆုံကြတာပေါ့ ဒီအတောတွင်းဂရုစိုက်အုံး..."

Toujiသည်အနက်ရောင်၀တ်ရုံအားခြုံကာ ပြတင်းပေါက်ကနေတစ်ဆင့် အပြင်သို့ခုန်ထွက်သွားလေသည်။

"Touji-samaလည်းဂရုစိုက်ပါ"
Keijiသည်ကုတင်ပေါမှဆင်း၍မတ်တပ်ရပ်ကာ ဦးညွတ်လိုက်လေသည်။

Keijiသည်အနက်ရောက်၀တ်ရုံဖြင့်ခုန်ထွက်သွားသောယောကျာ်းပျိုအားကြည့်ကာ

(ကျွန်တော်သာတုံးချင်ယောင်မဆောင်ရင် Touji-samaရဲ့ယုံကြည်မှုကိုဘယ်လိုလုပ်ရပါ့မလည်း)

"ထွက်လာလို့ရပီး.."

အရိပ်ထဲ၌ရပ်နေသော ကောင်လေးတစ်‌ယောက်သည် ထွက်လာကာ
"အကိုတော်ကအရမ်းကိုအလုပ်များတယ်နော် ကျွန်တော်လာတယ့်အချိန်တိုင်းဧည့်သည်တွေနဲ့အမြဲတွေ့နေတာဘဲ"

The trouble of being alive  (ပြန်လည်ရှင်သန်ခြင်း၏နောင်တ)Where stories live. Discover now