အခန်း၇(U+Z)

5.9K 178 2
                                    

ခြောက်နှစ်ခန့်ကြာသော်........

ဆယ်တန်းနှစ်မှ စသော သူ့အပေါ်မကြည်လင်
သည့်စိတ်သည် ခြောက်နှစ်ကြာတာတောင် ပြောင်းမသွားသေးချေ။ထိုအချိန်မှစ၍ နေရီနှင့်စစ်ရိပ်ရဲ့ဆက်ဆံရေးကပိုပြီး အေးစက်ခဲ့၏။
စစ်ရိပ်က ဆယ်တန်းကိုဂုဏ်ထူးသုံးဘာသာနဲ့အောင်ခဲ့ပြီး၊နေရီက နှစ်ဘာသာနဲ့ အောင်ခဲ့သည်။ တက္ကသိုလ်လည်းအတူမတက်ဖြစ်ပါ။ နေရီက ပညာရေးကောလိပ်တက်ခဲ့သည်။စစ်ရိပ်ထန်ကတော့ အင်ဂျင်နီယာလိုင်းကို ယူခဲ့သည်။
သူ့ဘာသာ ဘာလိုင်းတက်တက်၊နေရီကတော့စိတ်မဝင်စားပါ။နေရီနဲ့သူ စကားမပြောတာ နှစ်ချီနေပြီမို့သူ့အကြောင်းကိုဘာမှစိတ်မဝင်စားပေ။ နေရီကသာ ကျောင်းပိတ်တိုင်းအိမ်ပြန်လာတက်ပေမဲ့ စစ်ရိပ်ကသူ့အဖိုးအဖွားတွေနဲ့ရန်ကုန်မှာနေတာများသည်။ အခုဆိုလျှင် နေရီက ကျောင်းဆရာမလေးတစ်ဦးဖြစ်လို့ ထနှောင်းအိမ်မြို့ငယ်လေးမှာတာဝန်ကျနေတာပေါ့။

"မနက်ဖြန်ညနေအတွက် ကားလက်မှတ်က သဘက်ခါမနက်ကိုပြောင်းလို့မရဘူးလား သမီး"

ဖန်ပုလင်းထဲသို့ ငါးခြောက်ကြော်ထည့်နေသော
နေရီက ဘာမှပြန်မပြောချေ။ မိခင်ဘာပြောချင်လဲဆိုတာ သူမ သိတာပေါ့။အိမ်ကိုပြန်လာမဲ့
စစ်ရိပ်နဲ့သူမကို တွေ့စေချင်နေတာကိိုသိသည်။

"မေမေက သမီးကို အတင်းမတောင်းဆိုပါဘူး၊
ဒါပေမဲ့လေ သမီးရဲ့ဦးထင်ကတော့သားနဲ့သမီးကိုအတူဆုံစေချင်တာသိလား..ညအိပ်ယာဝင်တိုင်း တဖွဖွပြောနေတာကွယ်၊ နှစ်ယောက်မဆုံတာကြာနေပြီတဲ့..မေမေလည်း အဲ့ဒီဆန္ဒတော့ရှိတယ်...
တစ်ခါလောက်မိသားစုတွေဆုံချင်တယ်ကွယ်"

"သမီး ကျောင်းက ပျက်လို့မရဘူး မေမေ"

"တစ်ခါတရံလေးကိုတောင်မရဘူးလား၊ပျက်လည်းတစ်ရက်ပေါ့ သမီးရဲ့"

"နေရီ တကယ်အဆင်မပြေလို့ပါ မေမေ"

"မေမေက လူစုံတုန်း မုန့်ဟင်းခါးချက်ကျွေးချင်တာသိလား..အဟင်း"

"မေမေချက်တဲ့မုန့်ဟင်းခါး အမြဲစားနေကြပဲကို..
စိတ်မကောင်းမဖြစ်နဲ့နော်"

"အေးပါကွယ်...မေမေ့သမီးက အလုပ်လုပ်တာလည်း တိကျတော့မပြောတော့ပါဘူး၊ စစ်ရိပ်နဲ့လည်းနောက်မှဆုံကြပေါ့"

အလွမ်းပန်းချီ (completed)Where stories live. Discover now