အခန်း၁၃(U+Z)

7.2K 181 1
                                    

(unicode)

"လူနာရှင်လား...."

"ရှင်..."

နေရီ ငိုနေရာမှ နာ့စ်မလေးကလာမေးတော့
ကိုယ်ကိုမတ်လိုက်သည်။ အဝတ်ဖြူအုပ်ထားသောခုတင်ကိုကြည့်၍ အင့်ခနဲတစ်ချက်ရှိုက်ကာ
ခေါင်းညိမ့်လိုက်သည်။

"သြော်...ဒါဆို သမီးဖြစ်မယ်ထင်တယ်၊အလောင်းကိုရင်ခွဲရုံပို့မလို့ လက်မှတ်လေးထိုးပေးပါလား"

"ဟို..ခဏ..ခဏရှင့်၊ သမီးလို့ပြောလိုက်သလားလို့"

နေရီ နားကြားမမှားဘူးဆိုလျှင် လူနာနဲ့ သူမ တစ်ခုခုတော့လွဲနေသည်ဆိုတာ အသေအချာ။

"ဟုတ်ကဲ့..သေဆုံးတဲ့လူနာအသက်က ငါးဆယ်ကျော်ဆိုတော့ သမီးဖြစ်မယ်ထင်လို့ပါ၊ဒါမှမဟုတ် တူမလား.."

"ဟင်.."

နေရီ မျက်ရည်တွေကို ကပျာကယာသုတ်ပစ်ကာ
အဝတ်ဖြူစကို လှမ်းကြည့်ဖို့လက်လှမ်းနေစဥ်မှာပဲ....

"နေရီ..."

ခေါ်သံကြောင့် သူမရဲ့တစ်ကိုယ်လုံးဖျင်းခနဲဖြစ်သွားရသည်။ နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါ
နဖူးမှာ ပလာစတာအဖြူကပ်ထားပြီးလက်ဖျံမှာပတ်တီးအဖြူပတ်ထားတဲ့စစ်ရိပ်က သူမဆီကိုလျှောက်လာသည်။ လူနာမှားပြီးငိုနေတဲ့ကိုယ့်အဖြစ်ကို တွေးရင်းငိုအားထက်ရယ်အားသန်။ သတင်းလာပေးပြီးခေါ်တဲ့လူသုံးယောက်ကလည်း ဘာမှမသိဘူးလားမသိ။ နေရီ ရှက်ကိုးရှက်ကန်းဖြစ်သွားရင်း မျက်ရည်တွေကို
ကုန်စင်အောင်သုတ်လိုက်သည်။

စစ်ရိပ်က နေရီရဲ့ပုံစံလေးကို သေချာကြည့်သည်။အိမ်နေရင်းအဝတ်အစားလေးနဲ့ အမြန်လိုက်လာတဲ့ပုံလေးက အိပ်ယာထဲထလာတဲ့ပုံလေးဖြစ်သည်။ဘာကို ကျေနပ်မှန်းမသိ၊ စိတ်ထဲတော့အတော်ကိုကျေနပ်သွား၏။

"ကိုသိန်းထွေးပြောလို့ နေရီလိုက်လာတာကိုသိတာ၊ အဲ့ဒီလူတွေကလည်းသေချာမမေးမြန်းဘဲနဲ့ကွာ လုပ်ချလိုက်တာ၊ နေရီအိပ်ရေးပျက်မှာပေါ့ "

နေရီ ခေါင်းယမ်းပြလိုက်သည်။သူ့နဖူးက ဒဏ်ရာနှင့်လက်ဖျံကပတ်တီးအဖြူကိုကြည့်ပြီး စိတ်ထဲတော့သိပ်မကောင်းပါ။

အလွမ်းပန်းချီ (completed)Where stories live. Discover now