အခန်း၂၀(U+Z)

8.5K 187 1
                                    

ကိုယ့်မြို့ကို ပြန်လာရတော့ စိတ်ထဲပျော်ရွှင်မှုက ဘာနဲ့မှမတူ။ သို့ပေမဲ့ နေရီနဲ့စစ်ရိပ်ရဲ့ ပတ်သတ်မှုက သူများတွေအမြင်မှာ ကဲ့ရဲ့ချင်စရာမို့ နေရီကတော့ မျက်နှာပူသလိုရှက်တယ်ဟုပြောပြီးအိမ်ထဲက အိမ်ပြင်မထွက်ပေ။ ဗိုက်ကလည်း ပူနေတော့ ပိုဆိုးတာပေါ့။ မေမေကတော့ ပတ်ဝန်းကျင်ကို ဂရုစိုက်စရာမလိုဘူးတဲ့။ လူကြီးတွေအားပေမဲ့ နေရီကိုယ်၌က စိတ်မလုံသာဖြစ်သည်။တစ်အိမ်ထဲက သားအဖနဲ့သားအမိရဲ့ပတ်သတ်မှုသည် အများနှာခေါင်းရှုံချင်စရာ။

"အဲ့ဒီတည်းက မှားနေပြီ ၊ မောင်တို့လက်ထပ်ထားတာ ခိုးချောင်ခိုးဝှက်မဟုတ်ဘူးလေ..ဘာလို့ပုန်းလျှိုခွက်လျှိုးနေရမှာလဲ...ဒီဗိုက်ကြီးတဲ့ကိစ္စကလည်း အိမ်ထောင်ကျပြီးရင်ပူကြမှာပဲ...."

သူငယ်ချင်းတွေနဲ့ဆုံဖို့ပြောနေတဲ့စစ်ရိပ်ကို နေရီကအကြောက်အကန်ငြင်းလေသည်။ စစ်ရိပ်ကမိန်းမကိုပွဲထုတ်ချင်တာဆိုတော့ ဒေါသထွက်လေပြီ။ နေရီကလည်း စိတ်ထဲကလိုက်ချင်ပေမဲ့ ထူးဇော်တို့နဲ့မျက်နှာချင်းဆိုင်ပြီး အစခံရမှာကြောက်နေမိသည်။ဒီကောင်တွေ မျက်နှာပြောင်တာသူမသိတာပေါ့။ ပြီတီတီဖြစ်နေတဲ့မောင့်မျက်နှာကြီးကတော့ အဆိုးဆုံးပဲ။

"ဟိုကောင်တွေကိုပြောပြီးနေမှ မင်းကမလိုက်ဘူးဆိုတော့ မောင်အရူးဖြစ်ပြီပေါ့"

"မလိုက်ချင်လို့မဟုတ်ပါဘူး မောင်ရယ်၊ နေရီရှက်လို့ပါဆို"

"ဘာကိုရှက်ရမှာလဲ...ကလေးရှိလို့ဗိုက်ပူတာပဲမိန်းမရဲ့၊ ဒီကောင်တွေ အားကျအောင်လေ..အဟွန်း..မောင့်လိုတစ်ယောက်မှမစွံကြသေးဘူး"

"အခုကတည်းက တွေ့လား"

"ဟ..အမှန်ပြောပြတာလေ၊ မောင်က သားနဲ့မယားနဲ့ဖြစ်နေပြီလေ..သူတို့မှာအသည်းကွဲကောင်းတုန်း၊အဲ့ဒါကြောင့် သူတို့ဆီကိုမောင်ကမင်းနဲ့အတူ သွားချင်တာ..ဒီကောင်တွေ အရူးအမူးအားကျသွားအောင်..လုပ်ပါ နေရီရ..လိုက်ခဲကွာ"

"တော်တော်ကောင်းတဲ့အကြံကြီးနဲ့သိလား..."

နေရီက ပြောပြီးရယ်တော့ စစ်ရိပ်အားတက်သွားသည်။ စစ်ရိပ်က သူမရဲ့ဆံပင်လေးတွေ သေချာသိမ်းဖယ်သပ်တင်ပေးပြီး လိုက်ခဲ့ဖို့အမျိုးမျိုးချော့သည်။

အလွမ်းပန်းချီ (completed)Tempat cerita menjadi hidup. Temukan sekarang