အခန်း၂၅(U+Z)End

10.2K 202 3
                                    

စစ်ရိပ်က သူမလေးကို ကတိပေးပြီးတဲ့နေ့က
စ၍ စတိုးဆိုင် ဆောက်ခြင်းကိစ္စကိုအကောင်အထည်ဖော်ပေးသည်။ သူကိုယ်တိုင်ဒီဇိုင်းဆွဲ၍ ဖေကြီးတို့ဆီက သစ်တွေနဲ့ ဘိလပ်မြေ၊အုတ်ဝယ်ကာ အားချင်းဆိုင်ကိုဆောက်သည်။ခြံကကျယ်တော့ အိမ်ကိုတော့ပိတ်ပြီး မဆောက်ပေ။ ဘေးတစ်ဖက်ကပ်၍ လှလှပပဆောက်လေသည်။
တစ်ရက်ပြီးတစ်ရက် ပုံဖော်ဆောက်တဲ့ စတိုးတိုင်လေးက ရုပ်လုံးကြွလာသည်။ မှန်နံရံအကပ်တွေနဲ့သေချာပြင်တင်ထားလို့ လှလှပပရှိသည်။

"ဖေဖေ...ဖေဖေ"

"ဖေဖေရေ...."

"ဖေဖေ...."

"လာလေ..သမီး"

ပန်းရံသမားတွေနဲ့စကားပြောနေတုန်း သမီးက
ပြေးလာတော့စစ်ရိပ်ကကောက်ချီလိုက်ရသည်။
ချွေးတေနစ်နေသောကိုယ်လေးကို ဖက်ထားရင်း
ပါးလေးကိုနမ်းလိုက်သည်။ နီညိုရောင်လက်ပြတ်ဘောင်းဘီဝမ်းဆက်လေးနဲ့ သမီးလေးကဖြူဖွေးဥနေကာ ချစ်မွှေးလုံးလေးဖြစ်သည်။ အရာရာကိုစပ်စပ်စုစုလုပ်တက်၍ နေရာတိုင်းမှာသူ့အသံလေးဖြစ်သည်။ စစ်ရိပ်တစ်ယောက် ပြောလက်စစကားကိုဖြတ်၍ သမီးကိုနမ်းရှုံ့နေတော့ အနားကလူတွေက ရယ်ရင်းကြည့်နေကြသည်။

"ခိုက်မိကုန်မယ်လေ..သမီးရဲ့..လျှောက်မပြေးရဘူး..အိမ်ပေါ်မှာ ကစားလေ"

"မီးမီးက ဖေဖေ့ဆီလာတာလေ..."

"ဟုတ်ပါပြီ..ဖေဖေချီထားမယ်နော်"

သမီးကို ချီ၍ အလုပ်လုပ်မဲ့လူတွေနဲ့စကားဆက်ပြောရသည်။  စကားပြောပြီးတော့ ပြီးသွားတဲ့အပိုင်းတွေကိုသေချာလိုက်ကြည့်သည်။

"ဖေဖေ..အဲ့ဒါ ဘာတွေလဲ..ဒါ..ဒါတွေရော"

"အုတ်တွေပေါ့ သမီးရဲ့..ဒါတွေနဲ့ ဖေဖေကဆိုင်ဆောက်ပေးမှာ..သမီးမေမေနဲ့သမီးလေးဆိုင်ထိုင်ရအောင်လေ"

"ဟီးဟီး...ပျော်စရာကြီး"

"မနက်ဖြန်ကြရင် လူကြီးတွေ မသိအောင်လျှောက်မပြေးရဘူးနော်..သမီး..ဒီနေရာတွေက ကလေးမလာရဘူး"

"ဟုတ်ကဲ့...မလာပါဘူး"

"ကိုစစ်ရိပ်ရေ....ကိုစစ်ရိပ်..."

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Aug 10 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

အလွမ်းပန်းချီ (completed)Tahanan ng mga kuwento. Tumuklas ngayon