အခန်း၂၄(U+Z)

7.3K 173 3
                                    

စစ်ရိပ် ခရီးသွားတဲ့တစ်ပတ်အတွင်း မိဘနှစ်ဦးက လာနေသည်။ စကားတက်လွန်းတဲ့မြေးနှစ်ယောက်နဲ့ အဖိုးအဖွားတွေလည်းမပျင်းရပေ။
မီးငယ်လေးကလည်း ၂နစ်ကျော်ပေမဲ့ လည်တဲ့ကလေးလေးမို့ စကားပြောရင်ချစ်စရာ။မြေးကြီးကလည်း စကားကို ခရေစေ့တွင်းကျလိပ်ပတ်လည်အောင်ပြောတက်တော့ သဘောကျနေရတာပေါ့။

"သားသားက ကြီးလာရင် ဖေဖေ့လို အင်ဂျင်ယာကြီးဖြစ်အောင်လုပ်မှာ..ဖိုးဖိုးရ"

"တကယ်လားကွ...ဒါဖြင့် ဖိုးဖိုးကိုသေချာပြောပြစမ်းပါ"

"တံတားကြီးဆောက်မယ်..အိမ်လေးဆောက်မယ်၊သားသားကစားဖို့ကစားကွင်းဆောက်မယ်
ပြီးတော့ ညီမလေးကစားဖို့ကစားကွင်းလေးရော"

"ဖိုးဖိုးကြည့်နေရမှာပေါ့..ဒီလိုဆိုရင်"

"ဟုတ်ကဲ့..ဖိုးဖိုးနဲ့ဖွားဖွား ကြည့်နေလိုက်ပါ"

"ဟားဟား...အေးပါကွာ၊ ဖိုးဖိုးလည်း ဆောက်ခိုင်းရမှာပေါ့..''

"ဖွားဖွားလည်းကြည့်နေ...ညီမလေးလည်းကြည့်နေ"

"ညီမလေးကိုလည်း သားကြီးလာရင်ဂရုစိုက်ရမှာနော်..ကိုယ့်ညီမလေးကို တစိမ်းတွေအနိုင်မကျင့်အောင်"

"သားသား သိုင်းချတက်တာ..ညီမလေးမကြောက်နဲ့နော်..ကိုကိုရှိတယ်"

ဖွားအေ လက်ပေါ်က ညီမလေးရဲ့ လက်ကလေးကို ဆွဲကိုင်၍ပြွတ်ခနဲနမ်းပြီးပြောရှာသည်။ ထင်ဇော်တို့လင်မယားမှာ မြေးရဲ့လည်ပုံကိုကြည့်ပြီး
အပြုံးတွေဖုံးလွှမ်းနေ၏။

"ဖိုးဖိုးတို့နဲ့ ညီမလေးကိုဆို ဘယ်သူ့ကိုပိုချစ်လဲ
မြေး"

"ဟမ်..."

စက်ရုပ်ကို ဖြုတ်တပ်နေသည့်လက်ကလေးတွေ
ရပ်တန့်သွားပြီး အဖိုးဖြစ်သူကို မော့ကြည့်တဲ့မျက်လုံးတွေမှာ စဥ်းစားရကြပ်တဲ့ပုံလေးဖြစ်သည်။ ထင်ဇော်တို့လင်မယားက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍မျက်စပစ်ကြသည်။

"သိပါတယ်ကွာ...မြေးက မြေးရဲ့ညီမလေးကို
ချစ်တယ်ဆိုတာကို"

"သားသားက ညီမလေးကို သိပ်ချစ်တာ..ဟို..
ဖိုးဖိုးတို့လည်း ချစ်ပါတယ်..နံပါတ်တစ် ညီမလေး..နံပါတ်နှစ်က ဖေဖေရယ်မေမေရယ်ဖိုးဖိုးရယ်ဖွားဖွားရယ်...ပြီးတော့...လူလူရယ်"

အလွမ်းပန်းချီ (completed)Dove le storie prendono vita. Scoprilo ora