စစ်ရိပ်သည် လုပ်ဖော်ကိုင်ဖက်တွေနဲ့ စားသောက်ဆိုင်မှာစကားပြောပြီး ပြန်ထွက်လာတော့ မျက်နှာစာမှာရှိသော ဆေးခန်းထဲက ထွက်လာသော နေရီကိုမြင်ပြီး စိတ်ပူသွား၏။ သူမတစ်ယောက်တည်း ရေးကြီးသုတ်ပြာပုံနဲ့မို့ သူစိတ်ထဲ တွေးရခက်သွားသည်။ မနက်ကအထိ နေမကောင်းတဲ့ပုံစံမျိုးလည်းမတွေ့ရပါ။ ခဏလေးနဲ့အတွေးတွေများသွားပြီး၊ ဘာမှထပ်မစဥ်းစားနိုင်တော့ဘဲ သူနာရီတစ်ချက်ပင့်ကြည့်ကာ အရင်ပြန်ဖို့စဥ်းစားလိုက်သည်။ အလုပ်ကို ထပ်လိုက်သွားဖို့တော့မဖြစ်နိုင်။
"ကျွန်တော်ပြန်နှင့်ပြီ ကိုပြေ"
"သြော်..အေး ညီလေး"
နှုတ်ဆက်ပြီးတာနဲ့ ကားလမ်းကူးကာ ဆေးခန်းရှေ့အပြေးလာမိသည်။ ဒီကောင်မလေး ဘယ်ရောက်သွားသလဲဟု ရှာလိုက်တော့ အငှားကားလေးပေါ်တက်သွားလေသည်။အော်ခေါ်လည်းမရ၊ လိုက်ရအောင်လည်း ဆိုင်ကယ်က ဟိုဘက်မှာရပ်ထားတော့ သူ့မှာဟိုပြေးရ၊ဒီပြေးရနဲ့ အရူးကြီးအတိုင်း။သူမကတော့ အငှားကားနဲ့အိမ်ပြန်သွားလေပြီ။
ကျွတ်စုပ်၍ စိတ်ရှုပ်စွာ ဆံပင်တွေကို လက်နဲ့ဆက်ခါဆက်ခါ ထိုးဖွပြီး ဆိုင်ကယ်နဲ့ အမြန်လိုက်ရသည်။"ကျွီ..."
နေရီ လှေကားနားအရောက် ဆိုင်ကယ်ရပ်သံ
ကြောင့်လှည့်ကြည့်လိုက်တော့ စစ်ရိပ်ဖြစ်နေ၏။
အမောတကောပုံစံမို့ သူ့ကိုသာကြည့်ရင်းလှေကားအပေါ်သို့မတက်မိသေး။ နေရီ ကြည့်နေတော့ စစ်ရိပ်က အပြုံးနဲ့ ပြေးတက်လာသည်။"ဘယ်နားနေမကောင်းလို့လဲ..မှန်း"
"နေမကောင်းဘူးဆိုလည်း မောင့်ကိုပြောမှပေါ့"
အနားရောက်လာတာနဲ့ နဖူးကိုလက်နဲ့လှမ်းစမ်းသလို ပခုံးလေးကိုထိန်းမက်ပြီးစိုးရိမ်ကြီးစွာမေးလိုက်သောသူ့ပုံကြောင့် နေရီကြောင်သွားရသည်။
"မောင်မေးနေတာ ဖြေလေ မိန်းမ၊ မင်းဆေးခန်းထဲက ထွက်လာတာကိုမြင်လိုက်တယ်..ဘာဖြစ်လို့လဲ"
"ဟင်.."
နေရီ တံတွေးလေးမြိုချကာ မလုံမလဲဖြစ်သွားရသည်။ ဖွင့်ပြောသင့်ပြီလားဟု တွေးကြည့်လိုက်တော့လည်း စိတ်ကမရဲပေ။ ပြောရမလား၊မပြောရမလားဟု တွေးရင်း မပြောဖို့ ပြန်တွေးကာ သူ့ကိုခေါင်းယမ်းပြလိုက်သည်။
VOUS LISEZ
အလွမ်းပန်းချီ (completed)
Roman d'amourတသတ်လုံး ကြည့်မရဘူးလို့ထင်တဲ့ မိထွေးဘက်ကသမီးလေးကို မထင်မှတ်ထားအောင်ချစ်သွားခဲ့တဲ့ ကောင်လေးရဲ့ အချစ်တွေကို ဖတ်ရှုရမှာပါ💜