အခန်း၁၇(U+Z)

8.6K 216 0
                                    

စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်ဆိုတော့ နေရီကအိမ်မှာရှိသည်။စစ်ရိပ်ကတော့ အလုပ်ဆင်းရသည်။နေ့လည်ဘက်ရောက်တော့ ဒိုင်နာကားတစ်စီးနဲ့အတူ ပြန်လာသော စစ်ရိပ်ကြောင့် နေရီ အိမ်ရှေ့ထွက်ကြည့်လိုက်သည်။

"အိမ်ပြောင်းရအောင် နေရီ၊ မင်းလည်းကျောင်းပိတ်တုန်း"

"ဘာ..ဘာကိုပြောင်းမှာလဲ"

ကြိုတင်အကြောင်းကြားမှုလည်းမရှိဘဲ ချက်ချင်းကြီးအိမ်ပြောင်းမယ်ပြောသောကြောင့်
နေရီ စိတ်တိုသွားရသည်။ စစ်ရိပ်က အိပ်ခန်းထဲအထိတောက်လျှောက်ဝင်သွားပြီး ပစ္စည်းတွေခုတင်ပေါ်ကိုအကုန်စုပုံသည်။

"စစ်ရိပ်..နင်စိတ်ထင်သလို မရဘူးနော်၊ ပြန်ချထား"

"လုံခြုံမှုမရှိတဲ့အိမ်မှာ မောင့်မိန်းမကို တစက္ကန့်တောင်မထားနိုင်ဘူး"

"ငါလည်း မပျော်ပါဘူး၊ ဒါပေမဲ့ ပြန်ပြီးသုံးသပ်ရမယ်လေ..အဲ့ဒီတံခါးကိုသော့ပိတ်ထားရင်ဖြစ်တယ်မဟုတ်လား"

"အဲ့ဒီလူ နောက်တခေါက်မလာဘူးလို့ပြောနိုင်လား..ပြောစမ်းပါ"

စစ်ရိပ်က ခါးထောက်ရပ်ကာ အော်လိုက်သည်။နေရီက သူဆွဲချထားသောအင်္ကျီတွေကိုပြန်ကောက်ကာ သေချာခေါက်သည်။

"အရူးထောင်ရောက်သွားနေမှတော့ ဘာလို့စိတ်ပူရမှာလဲ"

"မရဘူး..ဘယ်လိုပြောပြော မောင်စိတ်မချဘူး၊ပြီးတော့ ဒီပတ်ဝန်းကျင်က လူနည်းတယ်"

"ယောကျာ်းကြီးဖြစ်ပြီး နင်က ကြောက်နေတာလား"

"ကြောက်စရာလားဗျ၊ ခင်ဗျားကိုစိတ်ပူလို့ဖြစ်နေတာ..ဒီမှာလည်းအလုပ်တဖက်နဲ့အိမ်မှာအချိန်တိုင်းရှိနေတာမဟုတ်ဘူး..နောက်ဆံတင်းစေမဲ့ကိစ္စကို မြန်မြန်ဖြေရှင်းထားမှ"

"အဲ့ဒါ နင့်စိတ်နင် လှန့်နေတာလေ"

"ကျွတ်...စကားတွေမများနဲ့တော့၊ မြန်မြန်ဝိုင်းသိမ်းစမ်းပါ..သွားရအောင်"

နောက်ဆုံး နေရီလည်း ဘာမှမပြောနိုင်တော့ဘဲ
ပစ္စည်းတွေသာ ဝိုင်းသိမ်းတော့သည်။လင်သွားရာ မယားလိုက်ဖို့ပဲရှိသည်။
.
.
.
ဘယ်ပိုက်ဆံနဲ့ဝယ်လိုက်သလဲလို့ မမေးနဲ့တဲ့။
နေရီလည်း မမေးမိပါ။ တိုက်ခန်းက ဒုတိယအလွှာမှာဖြစ်သည်။ ရပ်ကွက်လေးသန့်ပြီး
စတိုးဆိုင်၊စားသောက်ဆိုင်လေးတွေပါရှိသည်။ ပတ်ဝန်းကျင်ကောင်းပြီး သန့်ရှင်းသပ်ရပ်တော့ဆိုးတော့မဆိုးဘူးဟုရင်ထဲမှာမှတ်ချက်ပြုလိုက်သည်။ အရမ်းမကျယ်ပေမဲ့ တိုက်ခန်းထဲမှာအိပ်ခန်းနှင့် ထမင်းစားခန်းလေးကသပ်သပ်
ရပ်ရပ်ရှိသည်။ အတွင်းဘက်ကို အပြာနုရောင်ဆေးသုတ်ထားပြီး ပါးကေးအဝါလေးခင်းထားသည်။ အိမ်ထောင်ပရိဘောဂ အစုံမရှိသေးပေမဲ့နေချင်စဖွယ်အိမ်လေးဖြစ်သည်။

အလွမ်းပန်းချီ (completed)Where stories live. Discover now