1

20.8K 150 3
                                    


ပန်းသည်မလေးဘဝ - 1

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ

Omega_HEAT: Wattpad

Omega_heat: Telegram

စျေးထဲ၌ ပန်းတောင်းများကိုချပြီး စျေးခင်းရန်အတွက် ပြင်ဆင်နေရသည်မှာ အချိန်တော်တော်ပင်ကြာနေပြီဖြစ်သည်။ မနက်အစောကြီးဖြစ်၍ အလင်းရောင်စမ်းတဝါးဝါး ဖြင့် အရုဏ်တတ်စ အချိန်လေးဖြစ်တာကြောင့် သစ္စာနွယ်ဆိုသည့်အမျိုးသမီးဟာချမ်း၍ ခိုက်ခိုက်တုန်နေ၏။ သူအလိုချင်ဆုံးအရာကတော့ နေရောင်ခြည်ပင်ဖြစ်သည်။

ပန်းများကို ရေများလောင်းပြီး ရေပုံးများထဲသို့ ရေခပ်ထည့်နေ၏။စီရရီဖြင့် သေသေသပ်သပ်ဖြစ်သွားသော ပန်းပုံးတွေနှင့်ပန်းတွေကိုမြင်ရတော့အမောပြေပြန်သည်။ တကယ်တမ်း သစ္စာရဲ့ အိပ်မက်က ပန်းစည်းဆိုင်လေးဖွင့်ချင်တာပင်။သို့ပေမဲ့ မိသားစုစီးပွားရေးဟာ ဘုရားပန်းသည်မလေးအဖြစ်အခြေတည်လာတော့လည်း သူ ကျရာနေရာမှ သေသေချာချာစေတနာထားပြီး အလုပ်လုပ်ဖို့ကလွဲရင်မရှိ...

"  ဂန္ဓာမာပန်းကြီးတွေ တစ်စည်းဘယ်လောက်လဲ မိနွယ်.."

"ဟုတ် အန်တီ တစ်စည်း 1 ထောင်ပါ.."

"အေး ပန်းတွေကလှသားပဲ ကျုပ်ကိုသုံးစည်းပေး.."

"အန်တီကြိုက်တာရွေးနော် နွယ် သေချာလေးရွေးပြီးစည်းထားတာ အကုန်လတ်တယ်"

"အေးပါ ညည်းကိုတော့ ကျုပ်ကယုံပါတယ်"

စျေးထဲဝင်လာသူတိုင်းက ပန်းဝယ်ဖို့ဆို သစ္စာဆီသို့ ရောက်အောင်လာပြီး သစ္စာ ရဲ့ပန်းတွေကိုသာ ဝယ်ယူလေ့ရှိကြသည်။နွယ့်ပန်းတွေကအထားခံပြီးလတ်လည်းလတ်တယ်။စျေးတန်ပြီးလှတာကြောင့်ဟုပြော၏။ နွယ်ကလည်း ဘယ်အရာလုပ်လုပ် စေတနာအရင်းခံမို့ သစ္စာရဲ့အလုပ်လေးကအလွန်အဆင်ပြေလေသည်။

သစ္စာတို့မိသားစုသုံးယောက်ရှိသည်။သစ္စာရဲ့အဖေနဲ့ သစ္စာရဲ့ အစ်ကို တို့ပေါ့၊ အဖေက ကျန်းမာရေးကြောင့် အိမ်မှာပဲနားနေနိုင်ပြီး အစ်ကိုကတော့ ပညာတတ်ဖြစ်ပေမဲ့ သူဌေးသားတွေနဲ့ ဝင်ဆံ့ပေမဲ့လို့ တစ်ကိုယ်ရည်အသုံးစရိတ်တောင်လောက်ငှသူမဟုတ်။အိမ်ပြန်ထောက်ဖို့မပြောနှင့် သစ္စာရဲ့ ဝင်ငွေတစ်ဝက်ကိုပါ သူ့အတွက်ထောက်ပံ့ပေးရတာပင်ဖြစ်သည်။ အစ်ကိုကဆိုးပေမဲ့ ရမ်းကားမူးရူးသူမဟုတ်တော့လည်း ပင်ပန်းရတာ လည်းမညည်းညူချင်ပါ။ကံကောင်းတာပဲ ဟုတွေးတောပြီးသာနေပါသည်။

ပန်းသည်မလေးဘဝ(Complete )Where stories live. Discover now