7

8.4K 208 7
                                    


ပန်းသည်မလေးဘဝ - 7

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ

Omega_HEAT: Wattpad

Omega_heat: Telegram

တစ်ခွန်းမှမခံဘဲ ပြန်ပြောနေသည့်သူအား မာယာလက်ဖြင့် နဖူးကိုတွန်းလိုက်၏။ထိုအခါ သူ့က်ုဘာလုပ်တာလဲဆိုသည့် အကြည့်ဖြင့် ရန်လိုသလိုပြုမူလာသေးသည်။

"ပြန်ခံပြောတာတွေဆင်ခြင်နော်... ဒီတစ်ခါသတိလစ်အောင်နမ်းပစ်မှာ..."

မာယာ့စကားကြောင့် သစ္စာ မျက်လုံးတွေပြူးကျယ်သွား၏။ချက်ချင်းဆိုသလိုပါးစပ်ကိုပိတ်လိုက်ပြီး တံခါးကိုပြန်ပိတ်ဖို့လုပ်တော့ မာယာက လက်ဖြင့် တံခါးကိုတွန်းကန်ရင်းဖြင့်

"မမလေး ခိုင်းစရာရှိရင် နွယ်အင်္ကျီလဲပြီးရင် လာခဲ့ပါ့မယ်"

"ဘာလဲ ငါ့ကိုကြောက်လို့လား..."

"မမလေးဘာဖြစ်နေမှန်းမသိဘူး ...အဝတ်အစားလဲပြီးရင် ထွက်ခဲ့မယ်..."

သစ္စာအခန်းထဲသို့ပြန်ဝင်ရင်း အဝတ်အစားအလျှင်အမြန်လဲဝတ်လိုက်၏။ သစ္စာပြန်ထွက်လာသည့်အခါ မမလေးက သူ့အခန်းထဲလိုက်ခဲ့ရန်ပြောပြီးနောက် သစ္စာလည်းအနောက်ကနေ လိုက်လာခဲ့၏။

အခန်းထဲရောက်တော့ အဝတ်အစားတွေရုတ်ချည်းချွတ်ချပစ်သည်ကြောင့် သစ္စာလန့်သွားရသည်။အဝတ်ဗလာဖြစ်သွားသည်မမလေးကမမြင်အပ်ရာတွေအထိ သစ္စာ မြင်သွားပြီ ရှက်လည်းရှက်နေခဲ့ပါသည်။

"ဘာလုပ်နေတာလဲ... ရေချိုးခန်းထဲလိုကိလာခဲ့..."

"မမလေး ... နွယ် နွယ်က ဘာလုပ်ပေးရမှာလဲဟင်..."

"ခေါင်းလျှော်ပေးရမှာ ... ဘာလဲ ငါခိုင်းကို မလုပ်ချင်တာလား.."

"အဲ့လိုမဟုတ်ဘူး.. ဟို ... မမလေးက အဝတ်တွေအကုန်ချွတ်ထားတော့လေ... နွယ်...လန့်သွားလို့ပါ..."

တုန်တုန်ယင်ယင်နဲ့အနောက်ကနေလိုက်လာတဲ့ သစ္စာကိုကြည့်ပြီး  မာယာကကြိတ်ပြုံးလို့ပင်။ ရေချိုးခန်းထဲရောက်တော့ အဆင်သင့်ဖြည့်ထားတဲ့ ရေကန်ကပြည့်နေပြီ။ရေထဲဝင်စိမ်လိုက်ပြီး

ပန်းသည်မလေးဘဝ(Complete )Where stories live. Discover now