8

8.9K 242 7
                                    

ပန်းသည်မလေးဘဝ - 8

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ

Omega_HEAT: Wattpad

Omega_heat: Telegram

ကြမ်းပြင်ပေါ်ကပိုက်ဆံတွေကိုကြည့်ရင် သစ္စာ မတ်တပ်ရပ်နေရင်းဘဲ မမလေးကိုမော့ကြည့်လိုက်တယ်။မမလေးက ဘာလို့များ သစ္စာအပေါ်ဒီလိုဆက်ဆံရတာလဲဆိုတာ သစ္စာတကယ်ကိုသိချင်လာတယ်။ဖေဖေ့အတွကိ အိမ်အတွက် သစ္စာ ပိုက်ဆံအရမ်းလိုတယ်။ဒါ့ကြောင့်ရိုးရိုးသားသား အလုပ်လုပ်တယ်။ အဲ့တာက မမလေးအတွကိ ဘာကများမုန်းစရာကောင်းသွားတာလဲ။

သစ္စာ ချက်ချင်းဆိုသလိုမမလေးအခန်းထဲကလှည့်ထွက်လာခဲ့လိုက်သည်။ထမင်းစားဖို့အတွက်ပြင်ဆင်ပေးနေရင်း အစ်ကိုကြီးက အရင်ဆင်းလာ၏။သစ္စာမျက်ရည်တွေကိုသုတ်လိုက်ပြီး မြန်မြန်လေး ပြင်ဆင်ပေးနေတော့ အစ်ကိုကြီးက သစ္စာအနားတိုးလာပြီး ပုခုံးကိုကိုင်လာရင်း

"နွယ် ဘာလို့ငိုနေတာလဲ.."

သစ္စာပုခုံးပေါ်က လက်ကိုဖယ်နေပေမဲ့ အစ်ကိုကြီးက ဖယ်မပေးဘဲ အတင်းကိုင်ထားသလိုဖြစ်နေ၏။

"နွယ်ဘာမှ မဖြစ်ပါဘူး နွယ့်ကိုလွှတ်ပေးပါ.."

"နွယ်ရယ် ပြောလေ အခက်အခဲရှိရင် အစ်ကို ကူညီပေးမယ်  ဘာဖြစ်လဲသာပြော.."

"ဟင့်အင်း... နွယ် ဘာမှမဖြစ်ဘူး အကုအညီလည်းမလိုပါဘူး နွယ့်ကိုလွှတ်ပေးပါ လူမြင်မကောင်းလို့လွှတ်ပေးပါနော်..."

နွယ်သူ့လက်ကိုဖယ်နေတာတောင်အစ်ကိုကြီးကလုံးဝမဖယ်ပေးဘဲ သူပြောချင်တာတွေသာပြောနေတော့သည်။

"ပိုက်ဆံလိုလို့လား ဘယ်လောက်လဲ အစ်ကိုပေးမယ်.."

"...."

သစ္စာပုခုံးပေါ်က လက်ကို အတင်းကိုဆွဲဖယ်ပြီး လက်မောင်းကို ဆောင့်ဆွဲခံလိုက်ရသည်။ ချက်ချင်းဆိုသလို မမလေးက သူ့အစ်ကိုကိုကြည့်ရင်း

"အစ်ကို... အစ်ကိုဘာလုပ်နေတာလဲ..."

"သူငိုနေလို့လေ ပိုက်ဆံအကူအညီလိုလားမေးနေတာ..."

"မာယာ မာမီတို့ကို ဖုန်းနဲ့လှမ်းတိုင်မှာနော် အစ်ကို..."

"မင်းကလည်းကွာ... ငါကစေတနာသန့်သန့်နဲ့လေ ကျစ်.... တော်ပြီ အလုပ်ပဲသွားတော့မယ်..."

ပန်းသည်မလေးဘဝ(Complete )Where stories live. Discover now