11

8K 184 1
                                    

ပန်းသည်မလေးဘဝ - 11

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ

Omega_HEAT: Wattpad

Omega_heat: Telegram

သစ္စာ အိမ်ပြန်ရောက်လာတဲ့အခါ ငိုကြီးချက်မနဲ့ မမလေးဆီအပြေးသွားရတော့တယ်။ ဖေဖေက ကင်ဆာဖြစ်နေတာတဲ့ အဲ့တာကြောင့် ဆေးရုံတင်ထားရဖို့ ပိုက်ဆံလိုတယ်။ဆေးတွေနဲ့ ဆေးရုံစရိတ်ကစျေးကြီးလွန်လို့ မတတ်နိုင်ဖြစ်နေပေမဲ့ မထားလို့မကုလို့မရတဲ့အခြေအနေပဲ။ဖေဖေက အောက်ပိုင်းသေနေရုံမကဘူး အခုလိုထပ်ဖြစ်တော့ ရင်ကျိုးရသည်။ သစ္စာ လေ ဖေဖေ့အစား ဖြစ်ပေးလိုက်ချင်တယ်။

မမလေးအခန်းတံခါးခေါက်ပြီးဝင်တော့ သစ္စာငိုနေတာတွေ့ပြီး မမလေးက သစ္စာဆီကိုလျောက်လာပြီး

"ဘာဖြစ်လို့လဲ"

"မမလေး.. မမလေး နွယ့်ကိုကူညီပါနော် နွယ်ပိုက်ဆံလိုနေလို့ပါ နွယ် ဟင့်! နွယ့်ကိုကူညီပါဦး."

"ပိုက်ဆံလို့မင်းပြောလိုက်တာလား."

"ဟုတ်ပါတယ် နွယ်ပိုက်ဆံအရမ်းလိုနေလို့ပါ မမလေးကူညီပါဦးနော်"

"ငါကမင်းကို ကူညီရင် ဘာပြန်ရမှာလဲ"

"နွယ် ပိုက်ဆံပြန်ဆပ်မှာပါသေချာပေါက်ပြန်ဆပ်မှာပါ"

"ငါကပိုက်ဆံလိုတဲ့ပုံပေါက်နေတာလား"

"မဟုတ်ပါဘူးမမလေးရယ် နွယ် ဘာပြန်လုပ်ပေးမှာလဲဟင် မမလေး ပြောတာအကုန်လုပ်မှာပါ နွယ့်ကိုကူညီပါ မမလေးရယ်"

သစ္စာရဲ့ပါးပေါ်ကမျက်ရည်တွေကိုသုတ်ပေးပြီး မာယာက လိုအပ်တဲ့ပိုက်ဆံတွေကိုပေးလာတယ်။ သစ္စာလည်းဆေးရုံစရိတ်တွေသွင်းပြီးနောက်တစ်ရက်ကျ မာယာ့ဆီပြန်လာခဲ့တယ်။ သစ္စာက ပိုက်ဆံတွေယူပြီးထွက်မပြေးတာကြောင့် မာယာတော်တော်တော့ သဘောကျမိသွားတယ်။အနည်းဆုံးတော့  ကတိတည်သားပဲကို

သစ္စာပြန်ရောက်လာတာနဲ့ မမလေးက သူ့အခန်းထဲမှာနေဖို့အတွက်အမိန့်ပေးလာခဲ့တယ်။အိမ်အတွက် အိမ်ဖော်အသစ်ရှာပြီး သစ္စာကိုတော့သူ့အခန်းထဲမှာပဲနေဖို့အမိန့်ပေးလာခဲ့တယ်။ မမလေးသဘောအတိုင်း သစ္စာနေတယ်။ထိုင်တယ် ခိုင်းသမျှအကုန်လုပ်ရင်း ပေါ့

ပန်းသည်မလေးဘဝ(Complete )Where stories live. Discover now