2

13.3K 178 0
                                    


ပန်းသည်မလေးဘဝ - 2

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ

Omega_HEAT: Wattpad

Omega_heat: Telegram

သစ္စာ hotel ကြီးရှေ့သို့ရောက်သည့်အခါ အစ်ကိုရဲ့သူငယ်ချင်း ဖုန်းထွက်ပြောနတဲ့အချိန်နဲ့တိုးက အခွင့်သင့်သွား၏။သစ္စာရဲ့ပုံစံက ဆံပင်ရှည်တွေကို ဆံထုံးထုံးထားပြီး ထဘီကို တင်းနေအောင်ဝတ်ထားကာ အင်္ကျီက မဟောင်းမနွမ်း လေးတစ်ထည်နဲ့ အသားဖြူသူမို့ မျက်နှာလေးကတော့ဝင်းပလို့ပင်။ ရိုးရိုးသားသားမျက်နှာ လေးရှိပေမဲ့ ဒီလို ကြီးကျယ်ခမ်းနားသည့် ဟော်တယ်ထဲ မူးနေတဲ့ယောက်ျားတစ်ယောက်နဲ့ယှဥ်ပြီးဝင်လာတော့ လူအထင်သေးစရာကောင်းလှပါသည်။သို့ပေမဲ့လည်းသစ္စာစိတ်ထဲက အဲ့အတွေးတွေ ရှိမနေခဲ့ ။သူစိုးရိမ်နေတာ မူးရူးအောင်မသောက်မစားတတ်သည့်အစ်ကိုက ဘာကြောင့်များ အခုလို လူလာခေါ်ရတဲ့အထိ ဖြစ်တာလဲ တစ်ခုခု စိတ်ညစ်စရာများရှိနေလား ဆိုသည့်စိုးရိမ်စိတ်သာဖြစ်၏။

သစ္စာ lift ထဲသို့ဝင်ရန်စောင့်နေတုန်း အစ်ကိုသူငယ်ချင်းထံသို့ ကြည့်လိုက်၏။အစ်ကို့ သူငယ်ချင်းက လည်းမူးနေတာကြောင့် မျက်နှာရဲနေ၏။ သစ္စာနှင့် သိပေမဲ့လို့ ရင်းနှီးကြသည်တော့မဟုတ်ပေ။သစ္စာကစကားနည်းသူမို့ နှစ်ယောက်သားအကြားတိတ်ဆိတ်လို့နေကြသည်။

တစ်ဖက် ရုံးခန်းမှ ထွက်လာသည့် အရပ်ခပ်မြင့်မြင့်နှင့် အမျိုးသမီးတစ်ယောက်ထွက်လာသည်ကို သစ္စာလှမ်းမြင်လိုက်သည်။ သိပ်ချောပြီး ခန့်ညားလွန်းသည့် အသွင်အပြင်ကြောင့် သစ္စာမှာ မဝံ့မရဲ မျက်နှာလေးကို ငုံ့ချလိုက်မိသည်။

တစ်ဖက်အမျိုးသမီးဟာ လှပလွန်းသည့် ခပ်နွမ်းနွမ်းနှင့် အမျိုးသားကို အကြည့်ရောက်ပြီးသတိလက်လွတ်ငေးကြည့်နေ၏။အခြေအနေကိုရိပ်စားနေတုန်း သဘောပေါက်သွားသည့်အခါ စိတ်ဝင်တစားကြည့်နေသည့်အကြည့်တွေဟာ ရွံစရာတစ်ခုကိုကြည့်နေသည့်အလား အထင်သေးမှုများဟာ ရုတ်ချည်းပြည့်နက်သွားတော့သည်။မျက်နှာလွှဲလိုက်ပြီးနောက် သူ့ဘေးရှိ အတွင်းရေးမှူး ထံသို့လက်ထဲက File တစ်ချို့ကို ‌ေပး အပ်လိုက်တော့သည်။ထိုလူက မာယာပင်ဖြစ်သည်။ မာယာက Great One ရဲ့ ပိုင်ရှင်ဖြစ်သည်။ မိဘတွေဆီက ရသည့်လုပ်ငန်းဖြစ်သလို မာယာထိန်းသိမ်းလာတာ နှစ်ချီနေပြီဖြစ်လေသည်။

ပန်းသည်မလေးဘဝ(Complete )Where stories live. Discover now