5

9.4K 194 2
                                    

ပန်းသည်မလေးဘဝ:
ပန်းသည်မလေးဘဝ - 5

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ

Omega_HEAT: Wattpad

Omega_heat: Telegram

မနက်မိုးလင်းသည်နှင့် ဒေါ်ဒေါ်နှင့် အတူ ဘုရားပန်းကပ်ရင်း ဒေါ်ဒေါ်ခိုင်းသမျှ လုပ်ပေးရ၏။ နွယ် ဘုရားပန်းတွေကပ် ၊ ဆွမ်းတော်တွေ ကပ်ရင်း ဘုရားရှိခိုး ပုတီးစိပ်နေသည့် ဒေါ်ဒေါ်ဘေးနားမှာယက်ထိုင်ခတ်ပေး၏။ပြီးသွားသည်နှင့် မိသားစုအားလုံးအတွက် သစ္စာက မနက်စာချက်ပြုတ်ပေးသည်။ပြီးလျှင် အိမ်သန့်ရှင်းရေးစလုပ်တော့၏။ သီတာကတော့ ထမင်းဝိုင်းမှာပြင်ဆင်ပေးရရင်း ထမင်းစားခန်းထဲမှာ ကျန်ခဲ့၏။

န့နက်စာစားဖို့ဆင်းလာကြသည့် အစ်ကိုကြီးနှင့် မမလေးတို့ကိုမြင်တော့ ကြမ်းတိုက်နေရင် ချက်ချင်းဖယ်ပေးဖို့ မတ်တပ်ထရပ်လိုက်သည်။ရေအနည်းငယ်ဖြင့်ချော်ကျမလိုဖြစ်သည့်အခါ အစ်ကိုကြီးက အပြေးဆင်းလာပြီးသစ္စာကို ခါးကနေ ဖမ်းဆွဲပြီးဝင်ထိန်ူပေး၏။ သစ္စာလည်းတော်တော်လေးလန့်ဖျန့်သွားပြီး အစ်ကိုကြီးရဲ့ လက်ကို အားကိုးတကြီးဆုပ်ကိုင်ရင်း

"ဟို ... ကျေး... ကျေးဇူးတင်ပါတယ် "

"ရပါတယ် သတိထားဦး ကလေးမ..."

အစ်ကိုကြီီးကချော၏။ ဒီအိမ်ကလူတွေအကုန်လုံးကချောကြသည်။ ချောမော ခန့်ညားလှသည့် အစ်ကိုကြီး မျက်နှာကို တစ်ချက်ငေးမိရင်း ချက်ချင်းဆိုသလိုပဲ ရုန်းထွက်ရင်း တောင်းပန်မိပြန်သည်။ ရေပုံးကိုမ ရင်းတခြားတစ်ဖက်သို့ သစ္စာထွက်လာခဲ့သည်။

ထိုအဖြစ်အပျက်များကို အစအဆုံးမြင်သွားသူက မာယာပင်ဖြစ်သည်။ သစ္စာကို သူ စင်္ကာပူသို့မသွားခင် Hotel မှာတစ်ရက်တွေ့ခဲ့ဖူးသည်။ဒီမိန်းမက အဲ့မှာတုန်းကလည်း ယောက်ျားတစ်ယောက်နဲ့ပါသွားပြီး အခုလည်း သူဌေးအိမ်က သူဌေးသားကို မြှူဆွယ်ဖို့ကြိုးစားနေပြန်ပြီထင်ပါရဲ့။ မာယာ လှေကားကနေဆင်းလာပြီး ထမင်းစားခန်းထဲသာဝင်သွားလိုက်သည်။စိတ်ထဲမှာတော့ တကယ်ကို တနုတ်နုတ်ပင်။ ဒီမိန်းမက မကောင်းတဲ့မိန်းမပဲ ။ မာယာတော့ လုံးဝ မျက်စိထဲ မြင်ရတာအဆင်ပြေမနေပေ။

ပန်းသည်မလေးဘဝ(Complete )Where stories live. Discover now