4

10K 205 9
                                    

ပန်းသည်မလေးဘဝ:
ပန်းသည်မလေးဘဝ - 4

Ss ရိုက်ခြင်း ၊ Social Platform ပေါ်တွင်မျှဝေခြင်းများ ရှောင်ရှားပေးပါ

Omega_HEAT: Wattpad

Omega_heat: Telegram

သစ္စာ နဲ့ ထိုအန်တီကြီး အတူသူဌေးအိမ်သို့ရောက်လာ၏။ကြမ်းပြင်ပေါ်မှာ ထိုင်ရင်း တရိုတသေဖြင့် ခေါင်းကိုငုံ့ထားရ၏။ သစ္စာရဲ့အကြောင်းတွေကိုပြောနေတုန်း သစ္စာမှာ ငြိမ်ငြိမ်ကုပ်ကုပ်ကလေးသာ ။

"တော်တော် ဒုက္ခရောက်နေပုံပဲ ဒါဆိုလည်း ကျွန်မ သုံးလစာကြိုထုတ်ပေးလိုက်မယ် ဒါပေမဲ့တစ်ခုရှိတာက လမပြာ့်ခင်အလုပ်ထွက်တာတို့ဆိုရင် အစ်မတာဝန်ယူရမယ်နော်"

"စိတ်ချပါ နွယ်နွယ်က အဲ့လိုမဟုတ်ဘူး ..."

"အင်းပါ အစ်မကိုယုံလိုက်မယ်... မိနွယ် ငါနင့်ကိုလည်းယုံမယ်နော်"

"ဟုတ်ကဲ့ပါ ဒေါ်ဒေါ် နွယ် ကြိုးကြိုးစားစားနဲ့ ဒေါ်ဒေါ်ခိုင်းတာမှန်သမျှ ရိုရိုသေသေလုပ်ပါ့မယ်"

"အေးပါအေ ဒါဆိုလည်း ရပါပြီ ကျေးဇူးနော်..."

ထို့နောက် သစ္စာနေရမဲ့အခန်းကျင်းလေးဆီသို့လိုက်ပို့၏။အခန်းလေးကကျဥ်းပေမဲ့ သစ္စာတစ်ယောက်တည်းအတွက် ကျောတစ်ခင်းစာရတာမို့ တော်တော်လေးအဆင်ပြေသည်ဟုပြောနိုင်၏။ နွယ်ဒီအိမ်မှာ အောက်ခြေသိမ်းအလုပ်တွေ သန့်ရှင်းရေးနဲ့လျှော်ဖွတ်ရေးတွေကို လုပ်လာတာ နတစ်ပတ်ရှိသွားပြီဖြစ်သည်။

"နွယ်နွယ် ရေလာပါဦး.."

"ဟုတ်ဒေါ်ဒေါ် ..."

"ထမင်း ဟင်းချက်တတ်သလား.."

"ဟုတ် နွယ်ချက်တတ်ပါတယ် ဒေါ်ဒေါ်"

"ဒါဆိုရင် သီတာနဲ့စျေးအတူသွားပြီး  နေ့လည်ဝင်ကူချက်ပေးလိုက် ဒီနေ့ သမီးငယ်နိုင်ငံခြားကပြန်ရောက်မှာဆိုတော့ သူ့အကြိုက်ဟင်းပွဲတွေပြင်ဆင်ရအောင်"

"ဟုတ်ကဲ့ပါ ဒေါ်ဒေါ် နွယ် ကြိုးစားပါ့မယ်"

သစ္စာ နဲ့ နွယ်တို့နှစ်ယောက် စျေးကိုရောက်လာပြီး အသားမျိုးစုံ နှင့် အသီးအရွက်တွေဝယ်ခြမ်းကြရ၏။

ပန်းသည်မလေးဘဝ(Complete )Where stories live. Discover now