Part (15)

199 37 25
                                    

ဓားဒဏ်ရာနှင့် သွေးအိုင်ထဲလဲနေသော မေမေနှင့် မျက်နှာဖုံးအနီရောင်ဝတ်ထားသည့်လူက ပစ်လိုက်တဲ့
သေနတ်ပစ်ချက်ကြောင့် ဘယ်ဘက်ရင်ဘတ်မှသွေးများထွက်ကာ လဲကျသွားသော ဖေဖေ။

ပင်လယ်လေကို ရှူရှိုက်ရင်း မျက်လုံးမှိတ်ပြီး စဉ်းစားကြည့်ရင်တောင် အမှတ်ရနေမည့် ထိုအဖြစ်အပျက်။

သူလို ၄နှစ် ကလေးရဲ့ မှတ်ဥာဏ်ထဲမှာတောင် စွဲနေအောင် မှတ်မိနေတဲ့ ဒီပုံရိပ်တွေကို အဲ့ဒီ့လူက မမှတ်မိတော့ဘူးတဲ့လား။

ဘယ်လိုဘဲ စဉ်းစားစဉ်းစား Soonyoung အဖေတွင်
သိထားတာ တစ်ခုခု ရှိကိုရှိရမည်။ အကြပ်ကိုင်ကာ မေးလိုက်ချင်သော်လည်း Soonyoung ပါ လာတာကြောင့် သူ့မှာ မေးမရပေ။ သူဟာ Lee Moojin ရဲ့ သားဆိုတာကိုဘယ်လောက်တောင် ဖုံးကွယ်ချင်လဲမသိ၊ Soonyoung ကို မြင်တာနဲ့ သူ့ကိုကွယ်လိုက်တာများ။ မဟုတ်မှလွဲရောKwon Soonyoung က သူ့ Bodyguardလုပ်နေတယ်ဆိုတာကို သူ့အဖေမသိတာများလား။

------------------------

ကားပေါ်မှာကတည်းက မေးချင်နေသည့်ထိုမေးခွန်းအား ဘယ်လိုမျက်နှာမျိုးနှင့်သူမေးရမည်နည်း။ အလုပ်နှင့် ကိုယ်ရေးကိုယ်တာ ခွဲခြားထားပါသော်လည်း သူ့အဖေနှင့် ပတ်သတ်နေတာကြောင့် အကြောင်း တစ်ခုခုဆို သူသိထားသင့်သည် မဟုတ်လား။ ပင်လယ်ဘက်သို့ မျက်နှာမူကာ လက်နှစ်ဖက်ကို ပိုက်လျက် အနေအထားနှင့် ရပ်နေသော Boss ရှိရာသို့ ခြေတစ်လှမ်းတိုးသွားလိုက်သည်။

"Boss"

သူ့ခေါ်သံအား မတုံ့ပြန်ပေ။ နောက်တစ်ခေါက် အသံကျယ်ကျယ်နှင့်

"Boss"

လို့ ထပ်ခေါ်လိုက်တော့မှ

ခေါင်းလေးကို အနောက်နည်းနည်းလှည့်ကာ ကြည့်လာသည်။

"ကျွန်တော့် အဖေနဲ့ ဘာကိစ္စများရှိလို့လဲ သိလို့ရမလားဗျ"

ခွင့်တောင်းသည့် အသံနှင့် လေသံအေးအေးလေး။

သို့သော် သူ့ကို ဘာမှ ပြန်မပြောဘဲ ရှေ့သို့ပြန်လှည့်သွားသည်။

Soonyoung လည်း အလိုက်သိစွာနှင့် ပင်ထပ်မမေးတော့ဘဲ နောက်တစ်လှမ်းပြန်ဆုတ်ကာ ရပ်နေလိုက်သည်။

𝗖𝗿𝗼𝘄𝗻 & 𝗞𝗻𝗶𝗴𝗵𝘁 ⚔️ // Soonhoon Where stories live. Discover now