^လွန်ခဲ့သောငါးနှစ်^
"အွန်းလေး~~ လာပါဦး ကိုကို့ဆီ။ ဒီနေ့ ကျောင်းတက်ရတာ အဆင်ပြေရဲ့လား ။"
"ပြေပါတယ်။ စ တဲ့သူကတော့ ရှိပေမယ့် နေသားကျနေပါပြီ။ ကိုကိုရော? နေပါဦး...ကိုကို့မျက်နှာက ဘာဖြစ်ခဲ့ပြန်ရတာလဲ။"
သူ အွန်းလေးကို စိတ်မပူစေချင်ပေမယ့် စိတ်ပူစေရပြန်ပြီ။
"ကိုကို့မျက်နှာလား...အာ...အဲ့ဒါက ပျောက်သွားမှာပါ။ အွန်းလေးရဲ့..."
"ကျွန်တော် မကြိုက်ဘူး။ ကိုကိုက ဘာလို့ အမြဲတမ်း ငြိမ်ခံနေရတာလဲ။ ဒီမှာပဲ ထိုင်နေဦး။ ဆေးသွားယူလိုက်ဦးမယ်။"
သူ့က အကြီးဆိုပေမယ့် အွန်းလေးက ပို ရင့်ကျက်သလို အမြဲ ဆုံးမတတ်သည်။ တကယ်တမ်း ထိုကလေးကသာ သူ့ဆီက နွေးထွေးမှုတွေ ပိုလို့ လိုအပ်နေတာကိုလည်း သိပါသည်။
"အွန်းလေး~~ လူတစ်ယောက်က သူငယ်ချင်း လုပ်ဖို့ လက်ခံပြီး ကျောင်းဆင်းတော့ အတူတူ မပြန်တာ ဘာလို့လဲ။"
မျက်နှာကို ဆေးထည့်ပေးနေသည့် အွန်းလေး လက်တို့က ခေတ္တမျှ ရပ်တန့်သွားသည်။ ပြီးမှ....
"ဘယ်သူက ကိုကို့ကို ထားခဲ့တာလဲ။ ပြော! ကျွန်တော် သွား ဆုံးမပေးမယ်။ ဒီလောက် ပြည့်စုံနေတဲ့ ကျွန်တော့် ကိုကို ကိုများ။"
"အွန်းလေး...စိတ်လျှော့ပါဦး။ သူက ပြောသွားတယ် ' ကိုယ့်မျက်နှာကိုတောင် ဂရုမစိုက်နိုင်ဘဲနဲ့ ငါနဲ့ သူငယ်ချင်း လုပ်ချင်သေးတာလား' တဲ့။ အဲ့ဒါ ဘာကို ဆိုလိုချင်တာလဲ။"
"အင်း...ကျွန်တော့် အထင်ကို ပြောရမယ်ဆိုရင် သူက ကိုကို့ မျက်နှာ ထိခိုက်လာတာကို စိုးရိမ်လွန်ပြီး ပြောမိပြောရာ ပြောတာ မဟုတ်ရင် ကိုကို့ကို ခနဲ့ ချင်တာ၊ အဲ့ နှစ်မျိုးထဲက တစ်ခုခု လို့ ထင်တာပဲ။"
သူ ငြိမ်ကျသွားရပြန်သည်။ ဒုံမင်းက ခနဲ့ ချင်လို့ ပြောသွားတာ ဆိုရင် သူ ဘယ်လို ဆက်ပြီး ခင်မင်လို့ရပါ့မလဲ။
^^^^^^^^^^^^^^^
__________________"အီဟန်...အကို မနက်ဖြန် ဂျပန်ကို သွားရမှာ။ လိုက်ခဲ့ဦးမလား။"
