"အစ်ကိုထယ်ဆန်း~~ ပြောတော့ ပြန်မလာတော့ဘူးဆို။"
" မင်းက နေမကောင်းဘူးဆိုမှတော့ ငါက ဘယ်လို စိတ်ဖြောင့်တော့မလဲ။ အခုရော...သက်သာပြီလား။"
"သက်သာသွားပါပြီ။ အဖျားလေး နည်းနည်းနဲ့ ချောင်းဆိုးပဲ ကျန်ခဲ့တာ။"
"ဟုတ်ပြီ...ဟုတ်ပြီ။ တော်သေးတာပေါ့။"
"ကျွန်တော် ဘာလို့ အရင်တုန်းက အစ်ကိုထယ်ဆန်းကို ကိုကိုနဲ့ သဘောမတူခဲ့ရတာပါလိမ့်။"
"ဘာလို့လဲ။"
"ဒီလောက် စိတ်ရင်းကောင်းပြီး ရုပ်ချောတဲ့ဟာကို။ ကျွန်တော် အရင်က နည်းနည်း အမြင်စောင်းခဲ့တာ ထင်တယ်...ဟီးး။"
ထယ်ဆန်း အွန်းလေးကို ဖက်ရင်းနဲ့ အတိတ်က အမှတ်တရ အချို့က သူ့အတွေးထဲသို့ အလည်ပြန်လာသည်။
^^^^^
"ကိုကို! သူက ဘယ်သူလဲ။"
"ဟင်! အွန်လေး...ဪ...သူက ကိုကို့ သူငယ်ချင်း ဟန်ဒုံမင်းလေ။"
ဒုံဟျွန်း စိတ်ထင်သည်ပဲလားမသိ...ဒုံမင်းနှင့် အွန်းလေး ကြားက တင်းမာမှု အနည်းငယ်ကို ခံစားနေရသည်။
"ကင်မ်ဒုံဟျွန်း! သူက...?"
အွန်းလေး ဘက်သို့ မျက်ခုံးပင့်ရင်း မေးလိုက်သည့်အတွက် အွန်လေး စိတ်တိုသွားမှာ သေချာပေါက်။ အွန်းလေးက အဲ့လို ကိုယ်အမူအရာတွေကိုဆိုရင် မကြိုက်သည့် လူမျိုး၊ မေးစရာရှိလျှင် ယဉ်ယဉ်ကျေးကျေး မေးပြီး အပြုသဘောဆောင်သည့် အမူအကျင့်များရှိခြင်းသည် အွန်းလေး၏ ချစ်စရာ ကောင်းသည့် စရိုက်လေး ဖြစ်သည်။
ဒုံမင်းက ထိုသို့မဟုတ်...အွန်းလေးနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်သည်။ အွန်းလေး မနှစ်ခြိုက်သည့် အမူအကျင့် အားလုံးကို ဒုံမင်း တစ်ယောက်တည်းထံတွင် တွေ့နိုင်သည်။
"သူက ငါ့ညီလေးလေ...ကင်မ်အွန်းဟက်။ ငါကတော့ အွန်းလေး လို့ပဲ ခေါ်တာ။ မင်းလည်း အဲ့လိုပဲ ခေါ်ချင် ခေါ်လေ။"
"မခေါ်ရပါဘူး။ အွန်းလေး ဆိုတာ ကိုကို တစ်ယောက်တည်း ခေါ်ခွင့် ရှိတာ။"