Seven

214 22 17
                                    

"ကင်မ်ဒုံဟျွန်း! ဒါက ဘာလုပ်နေကြတာလဲ?!!"

"ဘာလုပ်နေလို့လဲ?"

" မင်း...မင်း ‌ခုနကပဲ ဘေးက ကောင်နဲ့ ဖက်ပြီး တငိုငို တရယ်ရယ်နဲ့ လုပ်နေကြတာလေ ။"

"ဗျာ! အထင်လွဲနေတာ ထင်တယ် ။ တစ်ခုခုတော့ မှားနေပြီ ထင်တယ် ။"

"ငါ ပြောနေတာ ကင်မ်ဒုံဟျွန်းကို! မင်းကို မဟုတ်ဘူး ။ ဝင်မပါနဲ့!"

"ဟန်ဒုံမင်း! မင်း ရှင်းယူကို အဲ့လို ပြောစရာ မလိုဘူး ။ ပြီးတော့ မင်းမှာ ဒီလို ပြောပိုင်ခွင့် ရှိလို့လား ? မင်းနဲ့ငါနဲ့က သူငယ်ချင်းတွေပဲ မဟုတ်ဘူးလား?"

ရုံးဖွင့်ရက် ဖြစ်သည့်အတွက် လူအနည်းငယ်သာ ရှိသော ကော်ဖီဆိုင်လေးထဲတွင် သူတို့ နှစ်ယောက်၏ လေထုမှာ တင်းမာလျက် ရှိသည်။ သူတို့နှစ်ဦးကြားထဲတွင် နေရခက်စွာဖြင့် ရှင်းယူလေးမှာ ရှင်းပြလိုသော်လည်း ဟန်ဒုံမင်းဆိုသူကိုလည်း ကြောက်ရပြန်သေးသည် ။

ဒုံဟျွန်း စကားကို ကြားပြီးသည့် အချိန် တစ်ခု ကြာအောင် သူငယ်ချင်း ဆိုသည့် စကားစုကသာ နားထဲတွင် ပဲ့တင်ထပ်နေသည် ။ ဟုတ်တာပေါ့။  သူနှင့် ဒုံဟျွန်းဟာ သူငယ်ချင်းပါပဲ ။ သို့ပေမယ့် ဘာကြောင့် ဒုံဟျွန်းနှင့် ပတ်သက်လာလျှင် သူ့စိတ်ဟာ ဆတ်ဆတ်ထိ မခံနိုင်လာရသည်ကိုလည်း သူကိုယ်တိုင်ပင် နားမလည် ။

"ငါ အတွေးချော်သွားတယ် ထင်တယ် ။ ဆောရီး....ငါ အွန်းလေးနဲ့ ဂိမ်းဆော့ဖို့ ချိန်းထားတာ ရှိတာ မေ့နေတာ။ ငါ အိမ်မှာ စောင့်နေလိုက်မယ်။"


အမှန်တိုင်းပြောရလျှင် ဟန်ဒုံမင်း ထိုကဲ့သို့ ဒေါသထွက်သွားတိုင်း ၊ သူ့ကို တခြားသူတွေနဲ့ အတူတူ ရှိနေတာ သဘောမကျကြောင်း ထုတ်ပြတိုင်း ကြည်နူးရပေမယ့် သည်လိုမျိုးကြီး အဆင့်မတက်ဘဲ နေနေမှာကိုတော့ မလိုလား ။ ဒါ့ကြောင့်လည်း ထယ်ဆန်း အထိနာလောက်စေမည့် သူငယ်ချင်း ဟူ၍ အသေအချာကို ပြောလိုက်ခြင်း ဖြစ်သည် ။


"ကင်မ်ဒုံဟျွန်း! လိုက်ရင်လည်း လိုက်သွားလိုက်တော့ ။ ဟိုကဖြင့် မင်းအိမ်ရောက်တော့မယ်။  မင်းက ခုထိ ဆိုင်တံခါးပေါက်ကို ငေးလို့ မပြီးဘူး ။"


Wrong Choice Where stories live. Discover now