Six

125 23 11
                                    

"အီဟန်က တစ်ခုခု ထူးဆန်းနေတယ်။ မင်းသိထားတာ ရှိလား...ဆောင်းဟို။"

ဆောင်းဟို ဘာမှ ပြန်မပြောနိုင်တော့ပါ။ တကယ်တော့ အီဟန် ဆေးပြန်သောက်နေသည့် အကြောင်းကို ဂျယ်ဟျွန်းကို လျှို့ဝှက်ပေးထားဖို့ တောင်းဆိုထားသည်။

"မင်းတို့ အဆင်ပြေတယ် မဟုတ်ဘူးလား။"

"ပြေတာက ပြေတယ်၊ မပြေဘူးလို့လည်း မဟုတ်ဘူး။ တကယ်တော့ ပြေလည်း မပြေဘူးဟ။"

ဂျယ်ဟျွန်းက စိတ်ရှုပ်စွာနဲ့ ပြန်ဖြေပြီး သူ့ခေါင်းသူ တစ်ချက် ဆွဲဖွ လိုက်သည်။

"မင်း အီဟန်ကို ယုံကြည်တယ်မလား။ သူ့ကိုပဲ ယုံထားလိုက်ပါ။ အဆင်ပြေသွားလိမ့်မယ်။"

"ငါက အီဟန့်ကို ယုံတယ်။ ငါမယုံတာ လူတွေကို။ ထပ်ပြီး ငါ့ဆီက လုယူသွားမှာကို ‌စိုးရိမ်တာ။"


ဂျယ်ဟျွန်း ပြောလည်း ပြောချင်စရာပင်။ သူ့ငယ်ဘဝက သူများတွေ ထင်ထားသလို ပန်းခင်းလမ်း မဟုတ်ခဲ့ဘူး။ ထိုပန်းတွေ အောက်က ဆူးတွေကို နင်းချလိုက်ရသည့် အချိန်တိုင်း ထွက်ခဲ့ရသည့် ခြေထောက်က သွေးတွေကိုတော့ လူတွေက မမြင်နိုင်ခဲ့။

ဂျယ်ဟျွန်း မိဘ နှစ်ပါးဟာ သူ့အသက် ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့မှာပဲ ကား အက်စီးဒင့် ဖြစ်ပြီး ဆုံးသွားကြသည်။ သို့သော် ဂျယ်ဟျွန်းဟာ ဆယ်ကျော်သက် တစ်ယောက် ဖြစ်သော်လည်း အများ ထင်ထားသည်ထက် ရင့်ကျက်တည်ငြိမ်သူ ဖြစ်သည်။ ထိုအခြေအနေကို သေချာ စီမံနိုင်ခဲ့သည်။ ဖခင်ဖြစ်သူ၏ ရှေ့နေက သူဘွဲ့မရခင်အထိ ကုမ္ပဏီကို သေချာ ထိန်းသိမ်းပေးထားမည့် အကြောင်းနှင့် ကျောင်းတက်နေစဉ် လိုအပ်သည်များကို ထောက်ပံ့ပေးမည့် အကြောင်း သေတမ်းစာအရ သိရသည်။

ပြဿနာဟာ ထိုအချိန်မှ စ၍ သူ့ သူငယ်ချင်းများမှာ သူ့အား ရှောင်နေကြခြင်း ဖြစ်သည်။ အချို့သော သူငယ်ချင်းများက သူဟာ ကံမကောင်းစေသောသူ ဟူ၍ လှောင်ပြောင်ကြသည်။ အချို့ကတော့ ဂျယ်ဟျွန်းဟာ သူ့မိဘနှစ်ပါး ဆုံးပါးသွားသည့် ကိစ္စတွင် သံသယ ဝင်စရာ ကောင်းသည်ဟု ဆိုကြသည်။ အချို့ကလည်း သူ့အား လှောင်ပြောင်ထစ်ငေါ့သော စကားများ ပြောကြသည်။

Wrong Choice Where stories live. Discover now