Part 18🍓

2.1K 53 3
                                    

ညွှန်းဖွဲ့ရာတစ်ယောက်မနက်စောစောထပြီး ရေမိုးချိုး ဘုရားရှိခိုးသည်။

ဘုန်းပြည့်စုံကျောင်းသွားတော့ ဖုန်းယူပြီး အပင်လေးတွေကို ဘယ်လိုပျိုးပေးရမယ်
ဘယ်လိုရေလောင်းပေးရမလဲဆိုတာကို သေချာဖတ်ကြည့်နေသည်။

ညနေ၃နာရီလောက်ရောက်တော့ ဘေးအိမ်ကို ထွက်လာခဲ့သည်။

" အန်တီမြရေ သမီးရောက်ပါပြီရှင့်"

" အေးလာလေ သမီး"

"ဟုတ်အန်တီမြ"

" ရာရာရောက်လာပြီဆိုတော့ အန်တီတို့ခြံဝန်းလေးက စိမ်းစိမ်းစိုစိုပြန်ဖြစ်တော့မယ်"

" ဟဲဟဲ ဒါဆို သမီးခြံထဲဆင်းတော့မယ်နော် "

"အေးသမီး"

ရာရာ ခြံထဲကိုပတ်ကြည့်ရင်း စံပယ်အိုးပုတ်လေးတွေနားရောက်တော့ သူ့ကိုသတိရမိသည်။

ရာရာမနက်အစောကြီးထပြီး ပန်းခူးရတဲ့နေ့တွေဆို ဘေးရောက်လာပြီး နမ်းတတ်သည်။

" သမီး"

" ရှင်အန်တီ"

" အန်တီ သမီးဦးလေးနဲ့ စျေးသွားမလို့ "

"အော်ဟုတ်အန်တီ"

" တံခါးပိတ်ပြီးသေချာနေနော် "

" ဟုတ်ကဲ့အန်တီစိတ်ချပါ"

ရာရာ ပန်းပင်တွေထဲက မြက်တွေကိုရှင်းရင်း သီချင်းငြီးနေသည်။

" ကလင်ကလင်ကလင် "

" ဟော ဖုန်းလာနေတာလားမသိဘူး "

ရာရာ သဲတွေခါပြီး ဖုန်းကိုင်ဖို့တွက် အိမ်ထဲကိုဝင်လာသည်။

" ဟယ်လို "

" ကြီးကြီးမြ "

" အော်ဟုတ် အန်တီမြအပြင်သွားလို့ရှင့် ဘာကိစ္စရှိလို့လဲမသိဘူးနော် "

ဒီအသံလေးက သူ့ချာတိတ်အသံလေးဆိုတာကို မင်းသွေးသိသည်။

" ကြီးကြီးမြကိုပြောပေးပါ ကိုယ်ရန်ကုန်ပြန်ရောက်တာနဲ့  မိန်းမယူမှာလို့ "

" ရှင် ရှင် "

" မင်းကလဲ မကြားဖူးလား "

" ဟုတ်ဟုတ် ကြားပါတယ် ပြောပေးလိုက်ပါ့မယ်  "

❀ɓεℓσѵε∂❀Where stories live. Discover now