Chapter 1 : The Fool

954 115 46
                                    

» [그대라는 시 - Taeyeon] «
0:30 ─〇───── 3:30
⇄   ◃◃   ⅠⅠ   ▹▹   ↻
Volume:  ■■■■■■■■□□ 80%

ညီလာခံ စတင်​တော့မည်။ ​တောက်​ပြောင်စွာ နီဝင်း​နေ​သော ခန်းမ၏ ထွဋ်ဖျားမှာ ရာဇပလ္လင်သည် ပိုင်ရှင် ကင်းမဲ့လျက်။ ဒါက ​ထွေထူးပြီး အ​ရေးတယူ စိတ်ပူ​နေစရာ​တော့လည်း မဟုတ်ပါ​ချေ။ မှူးမတ်များ​ရော စစ်သူကြီးအချို့ပါ ငြင်းခုံ​ဆွေး​နွေးရင်းနှင့် ဆူညံပူညံ ရန်ပွဲအလား မနက်ခင်းသရုပ်က အကျည်းတန်သလား ၊ ပလ္လင်​ဘေးက ကိန်းကြီးခန်းကြီးနိုင်လွန်းသည့် သလွန်​ညောင်​စောင်းမှာ ထိုင်​နေ​သော အိုကြီးအိုမ မိဖုရား​ခေါင်ကြီး၏ မာန်ချီ​နေသော ရုပ်ရည်က ပိုအကျည်းတန်သလား။ --- ဂျိုဆွန်းနန်း​​တော်သည် စည်ကားစွာ ကို့ယို့ကားရား နိုင်​နေမြဲ။ ဒီ​နေ့လည်း မ​နေ့ကလို။

"​အရှင်မင်းကြီး ~ အခုပဲ ညီလာခံ ဝင်ရပါ​တော့မယ် ၊ ​ရေကစားခြင်းအမှုကို ဤမျှလောက်နှင့်ပဲ ချင့်ချိန်​ပေး​တော်မူပါ"

"လုပ်ချင်ပါဘူး"

​ရေကန်သာသည် ကြာတိုင်းတင့်ဖို့သာ ရှိ​နေပြီး လူတစ်​ယောက် ​ရေဝင်ကူးဖို့မှာ မ​လျောကန်။ ​လှေ​ပေါ်မှာ ကိုယ်ရံ​တော်တစ်ဦးသည် သန်း​ဝေကာ ပျင်းရိဖွယ်ရာ တာဝန်အတွက် ဖင်ကုတ်​ခေါင်းကုတ်။ တံတားငယ်​လေး​ပေါ်က​နေ ကုန်းကုန်းသည် ကုန်း​အော်​နေရသည်။ အနီ​ရောင်နဂါးခြုံထည်ကို ထိန်းသိမ်းကိုင်ထားရသည့် အထိန်း​တော်သည် အ​ဝေးက​နေ ဖြတ်​လျှောက်သွားသည့် အပျို​တော်တစ်စုကို အားကျစွာ ​ငေး​နေသည်။ --- မိဖုရားကို ခစားရသည့် အ​ရေအတွက်နှင့် ယှဥ်ပါက အခု ​ရေကန်ထဲမှာ က​လေးမကလူကြီးမကျ ရူးသလိုလို​ပေါသလိုလို ​ရေဆင်းကူး​နေသည့် ဘုရင်​ပေါက်စအတွက် ခစားသူ စုစု​ပေါင်းလိုက်ပါမှ ၃ ဦးတိတိပဲ ရှိခြင်းသည် ​တွေးကြည့်​တော့လည်း မထူးဆန်း။

"အရှင်မင်းကြီး မယ်မယ်ကို အကြာကြီး ​စောင့်ခိုင်းထားလို့ မဖြစ်ပါဘူး ​အခုပဲ တက်လာ​ပေးပါ"

"​အေး​လေ အဲ့မှာ မယ်မယ် ရှိ​နေတာပဲ ကြည့်ကျက် လုပ်ပ​စေ​လေ"

𝘽𝙪𝙩𝙩𝙚𝙧𝙛𝙡𝙮Where stories live. Discover now