Chapter 3 : Fallen Deeply

458 76 29
                                    


» [You're Cold-Heize]«
0:54 ─〇───── 3:54
⇄ ◃◃ ⅠⅠ ▹▹ ↻
Volume: ■■■■■■■■□□ 80%

"မင်းကြီး ဒီကိစ္စကို မဖြစ်သင့်ဘူးလို့ မယ်​တော် ဘယ်နှခါ ​မိန့်ရမလဲ"

"ဒါမယ့် မယ်မယ်_

"​မွေး​နေ့​တော်မှာ ကပြ​ဖျော်​ဖြေဖို့ Qing နိုင်ငံက အ​ချောအလှ​ က​ချေသည်​တွေ​တောင် ဖိတ်ကြားထားပြီးပြီ မယ်​တော်ကို မျက်နှာပျက်​စေချင်တာလား မင်းကြီးက ​​ပြောရဆိုရခက်တဲ့ က​လေးလား"

ဒီဘုရင်သည် ငိုမဲ့မဲ့​လေး ထပ်ဖြစ်လာသည်။ မျက်ရည်​လေးတစမ်းစမ်းနှင့် ဝတ်ရုံ​တော်အနားစကို လက်သီး​လေး ဆုတ်ထား၏။ မျက်ရည်ဝဲပြီး နှာ​ခေါင်း​လေးက နီရဲ​နေသည့်အခါ ချစ်စဖွယ် --- ပါးနှစ်ဖက်ကို ဆွဲဖျစ်ပြီး ငုံကိုက်လိုက်ချင်မိသည်။ ဒီလို ​တွေးမိတာကပင် Ricky အတွက် ဆင်ခြင်တုံတရားအရာမှာ တစ်ပန်းရှုံးသွားခြင်း ဖြစ်မည်။ ကာနယ်နှင့် မိဖုရား​ခေါင်ကြီးသည် ယ​နေ့ ​ဆွေး​နွေးမှုအရ နှစ်နိုင်ငံ ချစ်ကြည်​ရေး ပဏ္ဍပ်ရိုက်နိုင်ဖို့ ဘယ်​လောက်မှ မလိုပြီ။ ဒါကို ဒီဘုရင်သည် တငိုငိုတရီရီနှင့် မယ်မယ် ​အော်​ခေါ်ကာ အ​ပြေးတပိုင်း လာပူဆာသည်​လေ။ မီးရှူးမီးပန်းလွှတ်ပွဲ လုပ်​ပေးဖို့ .. .........

တိုင်းတပါးသား​တွေရဲ့ ရှေ့မှာ ဒီဘုရင်သည် ရှက်တတ်ပုံလည်း မရ။ သက်တူရွယ်တူ ဖြစ်​နေလို့လား မ​ပြောတတ်​ပေမယ့် သူ့အစား Ricky သည် ဒီ​နေရာမှာ ထိုင်ပြီး ကြည့်​နေရတာကိုပင် မျက်နှာပူ​နေမိပြီ။ ဒါ​ကြောင့် မစားရက်စရာ ပြင်ဆင်ဖန်တီးထားသည့် မုန့်အချို လှလှ​လေးကို နှ​မျောကိုက်​လေး ကိုက်ပြီး ​ဖျော်ရည်ထဲက yuja သီးအဖတ်​လေး​တွေကိုပဲ ​မရမက ရေတွက်ကာ ​နေလိုက်သည်။

"​ဒီရာသီမှာပဲ ​ကောင်းကင်ကြီးက သာယာတာ​လေ မီးရှူးမီးပန်း​ကြီး​တွေက ​ဖောင်းခနဲ ဒိုင်းခနဲ ဖွားခနဲ ဘယ်​လောက်မိုက်လဲ"

​ဖောင်းခနဲ ပါး​လေးက ​ထွေးသွားပုံ ။ ဒိုင်းခနဲ အသံမြည်​ပြပြီး မျက်လုံး​လေး ပြူးသွားပုံ ။ ဖွားခနဲ နှုတ်ခမ်းစု​လေး ပွင့်သွားပုံ ။ ပုံစံ​လေးက ချစ်စရာ။ အမူအရာကိုက ချစ်စရာ။ ဒီဘုရင်သည် Ricky ကြားထားဖူးသည့် 'ဂျိုဆွန်းဘုရင်ကို အာရုံထား​နေစရာမလို​ကြောင်း' ကာနယ်၏ အမှာနှင့် ကွက်တိ။ ဘာအန္တရာယ်မှ မ​ပေးနိုင်သည့် ​သရက်သီးမှည့်လေး သာသာ​ပေပဲ။

𝘽𝙪𝙩𝙩𝙚𝙧𝙛𝙡𝙮Where stories live. Discover now