» [ALWAYS-Yoon Mirae]«
0:30 ─〇───── 3:30
⇄ ◃◃ ⅠⅠ ▹▹ ↻
Volume: ■■■■■■■■□□ 80%◇
ဂျိုဆွန်းရဲ့ ဘုရင်က..
ဒီလို နန်းဆောင်ပျက်မှာ ဘာလာလုပ်နေတာပါလိမ့်Ricky ရဲ့ အတွေးကို ဖတ်လိုက်သလို သူ ပြုံးပါသည်။ --- တကယ် အရမ်းကို ရင်သပ်ရှုမောစရာ ။ Ricky သည် လက်ထဲသို့ ပြန်ရောက်လာသည့် clarinet ကို ငုံ့ကြည့်ရင်းမှာ အရိုအသေပြုဖို့ ချီတုံချတုံလည်း ဖြစ်နေမိသည်။ အကြောင်းအရင်းကတော့ သူ၏ အပြုံးနောက်ကွယ်က အငွေ့အသက်ကြောင့်ပင်။ ဆာဂျင် အဖြစ် ကြုံလာခဲ့ရသည့် တိုက်ပွဲတွေက ပေးသော အတွေ့အကြုံအရ Ricky သိသည်။ ဒီဘုရင်သည် မိမိကို ရန်သူ လို သဘောထားကြောင်း။
မှားတယ်လို့လည်း ပြောလို့တော့ မရချေ။ Great Britain ကနေ လွတ်လပ်လာခဲ့ပြီး နှစ်ပေါင်း တစ်ရာကျော်သည့် အခုလက်ရှိ United States ရဲ့ ရပ်တည်ချက်နှင့် မူဝါဒသည် ဒီအရှေ့တိုင်း နိုင်ငံလေးအတွက်ဖြင့် ကောင်းကွက်ဟူ၍ သိပ်ရှိနေတာ မဟုတ်။ သို့သော်ငြားလည်း Hanyang မြို့တော်အထိ သံတမန် ဆိုသည့် အနေအထားနှင့် ရွှေလမ်းငွေလမ်း ဟန်ပြဖောက်နေသည့် မိမိတို့အား မည်သူကမှ မနောပျက်တာ မရှိခဲ့။ တိုင်းတပါးသားဆို ကြောက်လန့်တတ်ကြသော်လည်း ဒီတိုင်းတပါးသားတွေက တစ်ခုခု လုပ်မှာကိုဖြင့် သံသယ မဝင်ကြ။ ရက်ရောစွာ အတွေးတိမ်ကြသည် လို့ ပြောရမည် ထင်သည်။ ကျေးဇူးကြောင့် ကာနယ် သည် ဒီတစ်ခေါက်မှာလည်း ဂျိုဆွန်း အမတ်တွေရဲ့ ယုံကြည်မှုကို အပိုင်ချုပ်ထားနိုင်ခဲ့ပြီးပြီလို့ ကြားသည်။
သို့သော်..
သူတို့ ပြောခဲ့ဖူးသလားလို့ ။ဘုရင်ကို အာရုံထဲ ထားနေစရာ မလိုကြောင်း ။
နန်းတွင်းထဲမှာ ဘယ်လို အယူအဆတွေနှင့် အုပ်ချုပ်ရေးကို စီမံကြသည်တော့ Ricky သိလည်း မသိ။ စိတ်လည်း မဝင်စား။ Ricky သည် ဒီအတိုင်း အပျော်ခရီးသက်သက် ဒီကို လိုက်လာခြင်း။ ဒါပေမယ့်လည်း ဒီလို Ricky ပင် သတိမထားမိဘဲ မနေနိုင်စရာ ဒီဘုရင်၏ တဖက်သားကို ကောင်းစွာ အကဲခတ်တတ်မှု • Ricky ကို ရန်သူအဖြစ် သိနေသည့် ဒီဘုရင်၏ နားလည်နိုင်မှု အတိုင်းအတာ။