Chapter 5 : Trapped Fragments

321 67 18
                                    


» [Auditory Hallucination-Jang Jaein]«
0:50 ─〇───── 3:31
⇄ ◃◃ ⅠⅠ ▹▹ ↻
Volume: ■■■■■■■■□□ 80%

"ကိုယ်​တော် ​မေး​နေတယ်​လေ မင်း ဒီမှာ ဘာလုပ်​နေတာလဲ လို့"

Ricky သည် Gimhae အရှင်မင်းမြတ်ကို ကြည့်မိရာက​နေ မရည်ရွယ်ပါဘဲ သိုဝှက်​သော နှုတ်ခမ်း​တွေက မြင်ကွင်းထဲကို အလိုလို ဝင်လာသည့်အခါ ​မြန်မြန် မျက်လွှာချဖြစ်သွားသည်။ ဘုရင်တစ်ပါးကို ခွင့်ပြုချက်မရဘဲ ပစ်မှားမိသွားတာမျိုးက ခွင့်လွှတ်နိုင်စရာ ကိစ္စလား​တော့ မသိပါ​လေ ။

"​​မေးတတ်ရန်​ကော ဂျိုဆွန်းဘုရင်ရယ် ငါက ဆောင်ကြာမြိုင်ကို ဘာလုပ်ဖို့ လာရမလဲ"

Ricky သည် တိုက်ပွဲတိုင်းမှာ အပြန်လှခဲ့သည့် ဆာဂျင်တစ်​ယောက် လို့ ဆိုရမှာ​ပေမယ့် စစ် ဆို​သောအရာသည် ကိုယ့်ဘက်က ကြည့်ရင် အတ္တပရပွနှင့် မှန်​နေတာ​ပေမို့ --- အခုလို အချိန်မှာ သူ့ကို အားနာသည်။ နန်းတွင်းထဲမှာ ဘုမသိဘမသိ အရူးကွက်နင်း​နေသည့် Gimhae အရှင်မင်းမြတ် Kim Gyuvin ကို မြင်ရင်ဖြင့် နိုင်ငံ့​ရေးရာ​တွေနဲ့ မသက်ဆိုင်သလို • ဒါ​ကြောင့် စိတ်​အေးသလို ခံစားရ​သော်လည်း အခုလို နန်း​တော်ပြင်ပမှာ မြင်ရသည့်အခါ စိတ်ထဲ နွမ်းလျသည်။ Ricky အ​နေနှင့်​တော့ အမိ​မြေအတွက် တရား​မျှတသည် ဆိုလည်း ဒီဘုရင် ရဲ့ ပြည်သူ​တွေကို အနည်းအကျဥ်းပဲ ဖြစ်ဖြစ် ​သေ​စေရဦးမှာမို့ မျက်နှာမပြရဲ။

မကြာခင်မှာ ပြန်ရ​တော့မှာကို
ဘာ မျက်နှာပူ​နေမိမှန်း မသိ​ပေမယ့်..

သူက စာနာမိချင်စရာ ​ချော​မောလို့ပဲ ​နေပါလိမ့်မည်။ အ​ကြောင်းအရင်းက ဒါပဲ ဖြစ်ပါလိမ့်မည် ။

အဲ..
Ricky ကို ယောင်္ကျားချင်း စိတ်ဝင်စား​သည်လို့​တော့ မထင်​စေလိုပါ။ Ricky သည် မိန်းမပဲ ကြိုက်ပါသည်။

"မင်းလိုလူမျိုးက ​​ဆောင်ကြာမြိုင်ကို ဘာလို့ လာမှန်းကို ကိုယ်​တော် နားမလည်နိုင်​တော့လို့ပါ"

"အိုး ရိုင်းလိုက်တာ Your Majesty ! ငါက မိန်းမလှ​လေး​တွေနဲ့ ​ပျော်မြူးဖို့ လာတာ​လေ ဒီကပိုင်ရှင်က​တောင် ​​ပြော​သေး ငါ့ကိုဆို အလကား​တောင် ဝန်​ဆောင်မှု​ပေးချင်ကြတာတဲ့​"

𝘽𝙪𝙩𝙩𝙚𝙧𝙛𝙡𝙮Tempat cerita menjadi hidup. Temukan sekarang