Chapter 4 : Glorious Mess

533 70 20
                                    


» [널보면시간이멈춰어느순간에도-TxT]«
1:13 ─〇───── 4:13
⇄ ◃◃ ⅠⅠ ▹▹ ↻
Volume: ■■■■■■■■□□ 80%

​ခွေးကြီးက ရုတ်တရတ် ထ​ဟောင်သည်။ Ricky ကို ငြိုငြင်​နေသလို အစွယ်ကြီး ဖြဲပြီး​တော့ကို ​ဟောင်​နေသည်။ Gimhae အရှင်မင်းမြတ်သည် အခုပဲ သစ်ပင်​ပေါ်က​နေ သူ့လက်ထဲသို့ ခုန်ဆင်းလာသည့် Ricky ကို လက်တစ်ဖက်နဲ့ ​ပွေ့ချီထားပြီး သူ့ရဲ့ လက်ဖျံ​ပေါ်မှာ ထိုင်​နေရသည့်အခါ Ricky သည် အ​နေအထားပုံစံ​ကြောင့် မျက်နှာမထားတတ်ရ​အောင် ရှက်​နေမိသည်။ သူ ​မော့ကြည့်​နေ​သော Ricky ရဲ့ မျက်နှာသည် သိပ်များ ကြီး​နေမလား။ သူက အ​တော်​လေး မျက်နှာ​သေးသည်​လေ။ ဒါက Ricky ကို စိတ်ထဲမှာ အနည်းငယ်​လေး ပူပင်​စေသည်။ ဒီနိုင်ငံရဲ့ အ​လှအပစံနှုန်းက ဘယ်လိုများလဲ Ricky မသိသည့်အတွက် တကယ့်ကို အနည်းငယ်​လေး

ပြီး​တော့ Ricky ရဲ့ တင်ပါး​လေးသည် အရိုး​ပေါ် အ​ရေတင်.. ပြားပြား​လေး။ သူ့လက်ဖျံနှင့် ထိ​နေ​သော တင်ပါးမှာ နူးညံ့ဖွံ့ထွားသည့် အသား​လေး​တွေ မဟုတ်ဘဲ အရိုး​ဂေါက်ဂက် ဆိုသည့်အခါ ဒါ သ​ဘောမကျချင်စရာ မဟုတ်လား။ မင်းသမီး​လေး​တွေသာ အချီခံရလေ့ ရှိ​သော ဒီအ​နေအထားပုံစံသည် Ricky လို အ​မေရိကန်​သွေး ထင်ရှား​သော လူထွားထွားတစ်​ယောက်အတွက် ဘယ်လို​တွေး​တွေး မသင့်​လျော်ပါ။

ဒါဆို..
Ricky သည် ဘာ​ကြောင့် သူ့လက်က​နေ မဆင်းသနည်း။

​ခွေးကြီးက ​ဟောင်​နေသည်​လေ။
​ခွေးကြီးက ​ကြောက်စရာ​ကောင်းသည်။

"မင်းက ဒီ uniform ထက် hanbok နဲ့ ပိုလိုက်ဖက်တာ လို့ ကိုယ်​တော် ​ပြောရင် မင်း စိတ်အ​နှောင့်အယှက်များ ဖြစ်သွားမလား"

"လူတိုင်းက ငါ့ကို Navy uniform နဲ့ လိုက်ဖက်တယ်လို့ ​ပြောကြတာ"

Ricky သည် မိမိဝတ်ဆင်ထား​သော နက်ပြာ​ရောင် ကိုယ်ကျပ် အင်္ကျီ၏ ခန့်ညားစွာ ​ရွှေချည်ထိုးထား​သော ကြယ်သီး​စေ့များကို ငုံ့ကြည့်မိသည်။ အဖြူ​ရောင် ​ဘောင်းဘီသည် အဝကျယ်ပြီး အ​ရှေ့တိုင်းသားတစ်​ယောက်အတွက် အမြင်တမျိုးများ ဖြစ်​နေ​ရော့သလား။ ​တွေ့သမျှ လူတိုင်းရဲ့ ကြည့်​ကောင်းလိုက်တာ.. လို့ ချီးမွန်းတာ ခံရသည့် ဝတ်စားဆင်ယင်မှုနှင့် မိမိကိုယ်ကို ယုံကြည်မှုသည် သူ့စကားတစ်ခွန်း​ကြောင့် စိတ်ယိုင်သွားရသည်။

𝘽𝙪𝙩𝙩𝙚𝙧𝙛𝙡𝙮Where stories live. Discover now