» [Reason-Yoari]«
0:45 ─〇───── 3:47
⇄ ◃◃ ⅠⅠ ▹▹ ↻
Volume: ■■■■■■■■□□ 80%◇
နန်းတွင်းညီလာခံ ပြီးသည့်အချိန်ကို စောင့်ရင်းမှာ Ricky သည် ဂဏာမငြိမ်နိုင်။ အမူအရာ မပျက်တတ်သော Ricky ပင် ဖြစ်လင့်ကစား • ပူပင်သောကကို ထုတ်မပြောပြတတ်သည့် Ricky ဆိုသော်လည်း မိဖုရားခေါင်ကြီးရဲ့ ဧည့်တွေ့ဆောင်ရှေ့မှာ လူးလာခေါက်တုန့်လျှောက်နေမိသည်။
"ဆာဂျင် Ricky !!
ပြေးလာသည့် တပ်သားတစ်ဦး ။
Ricky ရဲ့ အနားကို ရောက်သည့်အခါ သူ့ထံကနေ wisteria တွေရဲ့ သစ်ကတိုးနံ့ ချိုချိုပြင်းပြင်းရသည်။ ခရမ်းပန်းစွဲ သစ်ပင်အုပ်ကနေ ဖြတ်လာတာ ထင်သည်။ wisteria တွေသည် မြင်ပြင်းကတ်စရာ လူတစ်ယောက်ကို သတိရအောင် လုပ်သည်။လူ ??
လူသတ်သမား လို့ ပြောတာမှ တော်ရာကျဦးမည်။Ricky ကို ဆောင်ကြာမြိုင်မှာ သတ်ဖို့ ကြိုးစားပြီး လူကို ထောင်သွင်းအကျဥ်းချမလို ခြိမ်းခြောက်သွားသည့် အယုတ်တမာ ဘုရင်သည် အခု ဟိုးအဝေး မြက်ခင်းပြင်မှာ ခုန်ဆွခုန်ဆွ ရှိနေသည်။ တစ်ခုခုကို ဆွဲနှုတ်လိုက် ထောင်ကြည့်လိုက်နှင့် လုပ်နေပုံအရ ကံကောင်းခြင်း ၄ပွင့်ဆိုင် အရွက်ကို ရှာနေသလို။ တကယ် ရှာနေသလား • အရူးသရုပ် ပီပြင်အောင် ဟန်ဆောင်နေပြန်တာလား မပြောတတ်သော်လည်း .. .........
Gimhae အရှင်မင်းမြတ်သည် ဒီလို ကြည့်ပြန်တော့လည်း ချစ်စရာ အပြစ်ကင်းသည့် ကလေးငယ်။ နေရောင်ပက်ဖြန်းနေသည့် ပါးနုနုထွေးထွေးလေးတွေမှာ ပန်းသွေးဖူးဥနေတာအပြင် ဒီ မျက်နှာသေးသေးလေးပေါ်က ချယ်ရီသီးလေးလို နှာခေါင်းလုံးလေးသည်လည်း အသည်းအူယားချင်စရာ။ သေချာ မတွေ့နိုင်ပေမယ့် နှုတ်ခမ်းတွေသည် နူးညံ့ကာ အိစိုနေမည် ထင်သည်။ အရသာကရော ။ ထားပါ --- အခုလို မွေးကင်းစ သမင်ဖိုလေးတွေ တက်ကြွနေပုံမျိုးနှင့် ဆောင့်ကြောင့်လေး ထိုင်နေပုံကိုဖြင့် ပြောမနေချင်တော့ပြီ။
သူသည် ဖျတ်ဆို ခေါင်းလှည့်ကြည့်လာသည်။
"အယ် !