Part 2

34 7 1
                                    

အစည်းအဝေး ၃နာရီနီးပါးလုပ်ပြီးတော့ JungKook အာရုံတွေများပြီး ခေါင်းနောက်သွားရသည်။

အစည်းအဝေးခန်းကနေ ရုံးခန်းဆီပြန်လာတော့ JungKook  နောက်လာတဲ့ Aeri။
ရုံးခန်းရောက်တော့ JungKook ခုံမှာဝင်ထိုင်လိုက်ပြီး necktieကိုဖြေလျှော့လိုက်ကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်မိသည်။
ဒါကိုမြင်တော့ အနားမှာရပ်နေတဲ့ Aeriက

"မောင်...ကော်ဖီခါးခါးလေးတစ်ခွက်သောက်လိုက်မလား Aeriသွားဖျော်ပေးမယ်လေ"JungKook မျက်လုံးမှိတ်လျက် ခေါင်းသာငြှိမ့်ပြလိုက်သည်။
ဒီလိုပင်ပန်းလွန်းတဲ့အချိန်တွေဆို Taeကို အနားမှာရှိစေချင်လိုက်တာ...

Aeriလဲ ဂရုစိုက်ပေးနေပေမဲ့ ကိုယ်တကယ်မြတ်နိုးရသူဆီကပေးတဲ့ ကြင်နာမှုကိုပိုလိုချင်မိတာ လူတိုင်းပဲလေ။
ဒါပေမဲ့ ချစ်ရသူရဲ့ ပညာရေးဆိုတော့လဲ မတတ်သာ...နောက်တစ်နှစ်လောက်ဆိုရင်တော့ Taeကို သူ့(JK)အနားမှာ အမြဲနေခိုင်းလို့ရတော့မယ်...တရားဝင်ပိုင်ဆိုင်ခြင်းနဲ့အတူပေါ့။
အတွေးနဲ့တင် ကြည်နူးစရာကောင်းလွန်းလို့ JungKook အပြင်မှာပါ ပြုံးနေမိသည်အထိ။

"မောင်...ကော်ဖီရပြီ ဘာတွေကျေနပ်လို့ပြုံးနေတာလဲ "

"ဒီတိုင်းပါပဲ.."JungKook ကော်ဖီတစ်ငုံသောက်ရင်း ပြန်ဖြေလိုက်သည်။
အင်း...Taeလက်ရာလောက်တော့ သောက်လို့မကောင်းပေမဲ့လဲ မဆိုးပါဘူး။

"ဒါနဲ့ မ... ပြီးရင် မန်နေဂျာနဲ့ ဌာနမှူးကို တစ်ချက်လွှတ်လိုက်ပါအုံး စက်ရုံအတွက် လိုအပ်တဲ့ ကုန်ကြမ်းစာရင်းတွေကြည့်ချင်လို့ "

"ဟုတ်...မောင် ဒါဆို Aeriသွားလိုက်အုံးမယ်"

"အင်း" JungKook LapTopဖွင့်ရင်းပြန်ဖြေလိုက်တော့ Aeri က အပြင်ထွက်သွားသည်။
သိပ်မကြာ... မန်နေဂျာနဲ့ဌာနမှူးက ဝင်လာတာကြောင့် JungKook စက်ရုံအတွက် လိုအပ်တာတွေကို ညွှန်ကြားပေးရပြန်သည်။

"ဒါဆို နားလည်ပြီလို့ထင်ပါတယ် ကုန်ပစ္စည်းစာရင်းကိုသေချာစစ်ပေးပါ တစ်ခုတလေတောင် errorမပါပါစေနဲ့ ဪ ပြီးတော့ အဖွဲ့မှုး ကို တစ်ယောက်ယောက်လွှတ်ပြီး
ဒီလ လချုပ်တစ်ချက်လာပို့ခိုင်းလိုက်ပါလို့"

Be Enough.....Место, где живут истории. Откройте их для себя