Final (Pt.1)

86 11 1
                                    

ဆိုင်အပြင်ရောက်တာနဲ့ TaeHyung ဆွွဲထားတဲ့ မောင့်လက်ကိုဖြုတ်ချလိုက်ပြီး ပြောလိုက်သည်။

"လမ်းခွဲရအောင်..."ပြောပြီးတာနဲ့ TaeHyung ကားရှိရာဆီ ခြေဦးလှည့်လိုက်တော့ မောင်က အနောက်ကနေ သိုင်းဖက်လိုက်သည်မှာအင့်ခနဲ။

"အင့်...မောင်!!!

"ဟင့်အင်း...မောင်တောင်းပန်ပါတယ် မောင်မှားသွားပါတယ် မောင့်ကိုမထားခဲ့ပါနဲ့ကွာ..နော်"

"ဘယ်လိုဖြစ်နေတာလဲ သူများဆိုင်ရှေ့ကြီးမှာ လွှတ်ပါအုံး"

"Tae..မောင့်ကိုထားမသွားပါနဲ့....မောင့်အပြစ်ကိုမောင်သိပါတယ် မောင်မှားသွားပါတယ်" အနောက်မှဖက်လျက် TaeHyung ပုခုံးတစ်ဖက်ပေါ်မေးတင်ပြီး တတွတ်တွတ်တောင်းပန်နေတဲ့မောင့်ကို TaeHyung နှုတ်ခမ်းသားတို့အား အတင်းစေ့လို့ မရယ်မိအောင်ထိန်းနေရသည်။

Lee Aeriရှေ့ကနေ TaeHyung လက်ဆွဲပြီး ခေါ်လာကတည်းက ဘေးကနေ TaeHyung ကို မောင်မျက်နှာငယ်လေးနဲ့ လိုက်ကြည့်နေတာ TaeHyung သိပါသည်။
လုပ်ချင်ရာလုပ်ထားပြီး အခုမှ မျက်နှာဇီးရွက်လောက်နဲ့ လူကိုအသနားလာခံနေတာ...
မောင့်ကို TaeHyung ခွင့်လွှတ်ပြီးသားပေမဲ့ အခုလို သူ့အပြစ်နဲ့သူ စိတ်အားငယ်နေရှာတဲ့ ကောင်ဆိုးလေးကိုလဲ TaeHyung စချင်ပါသေးသည်။

"ကျစ်..လွှတ်ပေးလို့ပြောနေတယ်လေ Jeon JungKook!! မင်းအဲ့လိုဖက်ထားတော့ ကားဆီဘယ်လိုသွားရတော့မှာလဲ"

"မလွှတ်ပေးပါဘူး...မောင်လွှတ်ပေးလိုက်ရင် Young က မောင့်ကို ထားသွားတော့မှာလေ......
မောင်တို့ လမ်းမခွဲကြရအောင်ကွာ...မောင် Tae ကိုပဲချစ်တာ"

"ဟ...လမ်းမခွဲဘဲသွားရအောင် မင်းကားက ငါ့ကားနဲ့ တစ်နေရာတည်း ရပ်ထားတာမို့လို့လား"

"ဟင်????"TaeHyung ပြောတာကို အူလည်လည်ဖြစ်သွားတဲ့ မောင်က ဖက်ထားတာကိုဖြေလိုက်ပြီး TaeHyung အား သူ့(JK)ဘက်ဆွဲလှည့်ပြန်သည်။

"Tae...ဘာပြောလိုက်တာ...မောင်နားမရှင်းလို့"

"ဖက်ထားတာကိုလွှတ်ပေးခိုင်းတာလေ ကားဆီသွားမလို့ကို"

"ဒါ..ဒါဆို Taeပြောတဲ့ လမ်းခွဲမယ်ဆိုတာက ကားရပ်ထားတဲ့နေရာမတူလို့ ခွဲသွားမယ်ပြောတာလား"

Be Enough.....Onde histórias criam vida. Descubra agora