Aeri မောင်ရှေ့ကနေ ချက်ချင်းလှည့်ထွက်လာခဲ့ကာ နားနေခန်းဘက်ဆီလာခဲ့လိုက်သည်။
နားနေခန်းဆီရောက်တော့ သူမထက်အရင် ရောက်နေပုံရတဲ့ အဖွဲ့မှုးနဲ့ Leaဆိုတဲ့ ကောင်မလေးက ကော်ဖီဖျော်ရင်းစကားပြောနေကြသည်။
"အခု အကိုလေးKim ပြန်ရောက်လာပြီဆိုတော့ ဟိုတစ်ယောက်ဘယ်လိုဖြစ်သွားမလဲမသိဘူးနော်"-အဖွဲ့မှူး
"ဘယ်လိုဖြစ်ရမှာလဲ အဖွဲ့မှူးကလဲ ပိုင်ရှင်အစစ်က အကိုလေးKim ပဲလေ...ပိုင်ရှင်ပြန်လာပြီဆိုတော့ ဧည့်သည်က ဘေးဖယ်လိုက်တော့ပေါ့"-Lea
နှစ်ယောက်သားက Aeriကို ကျောပေးလျက် ကော်ဖီဖျော်နေကြတာမို့ Aeriရောက်လာတာကို မသိဘဲ သူမတို့ပြောနေတာကြောင့် Aeriအကုန်ကြားလိုက်ရသည်။
Aeriလဲ ဘာမှမဖြစ်သလို ချောင်းတစ်ချက်ဟန့်ပြီး အထဲဝင်သွားတော့ Leaတို့နှစ်ယောက်ကလဲ ကော်ဖီခွက်ကိုယ်စီကိုင်ကာ ထွက်သွားကြသည်။
နားနေခန်းထဲ လူမရှိတော့မှ Aeri ခုံပေါ်သို့ အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိသည်။
သူမရဲ့မာနတွေအကုန် နင်းချေခံလိုက်ရသလိုပဲ။
အခုဆို တစ်ရုံးလုံးကလူတွေကသူမကိုအထင်သေးတဲ့အကြည့်တွေနဲ့ ကြည့်ကြပြီ။ဒါဆို သူမကုမ္ပဏီစရောက်တုန်းက ကြားခဲ့ဖူးတဲ့ ကောလဟာလလို့ထင်ခဲ့ဖူးတဲ့ မောင့်မှာချစ်သူရှိတယ်ဆိုတဲ့သတင်းက တကယ်ပဲ အမှန်ဖြစ်နေခဲ့တာပေါ့။
ဒါတွေကို သူမမှမသိခဲ့ဘဲလေ...မောင်ကလဲ သူမ မောင့်ကို သဘောကျကြောင်း၊တွဲလိုကြောင်းပြောတော့ ငြင်းမှမငြင်းခဲ့ပဲကို။
အဲ့တော့ သူမကြားထားတဲ့သတင်းကို ဒီတိုင်း ပါးစပ်ပြောပဲရှိတယ်လို့ထင်မိခဲ့တာ အခုတော့...
ဘာပဲဖြစ်ဖြစ် Aeri မောင့်ကိုချစ်တယ်...မောင့်ကို Aeriပဲ ပိုင်စေရမယ်။
Aeri မောင့်ကို မပိုင်ရရင် မောင့်သတို့်သားလောင်းဆိုတဲ့သူလဲ မောင့်ကိုမပိုင်စေရဘူး။
.......................................................................TaeHyung အိမ်ပြန်တဲ့လမ်းတစ်လျှောက် ကားပေါ်မှာ အတွေးတွေများနေခဲ့သည်။
Lee Aeriဆိုတဲ့ မိန်းကလေး ရုံးခန်းထဲ ဝင်လာလာချင်း ပြောလိုက်တဲ့
"Happy Birthday မောင်"ဆိုတဲ့စကားကို TaeHyung သေချာကြားလိုက်ရပါသည်။

BẠN ĐANG ĐỌC
Be Enough.....
FanfictionJust my imagination! Don't blame my idols.(Burmese not english)